Rory Peck ထူးချွန်ဆုပေးပွဲတွင် အမျိုးသမီးအလွတ်သတင်းထောက်များ အောင်ပွဲခံ

ကမ္ဘာတ၀ှမ်းက အလွတ်သတင်းထောက်တွေကို ချီးမြှင့်တဲ့ ၂၀၁၈  Rory Peck ထူးချွန်ဆုပေးပွဲမှာ အမျိုးသမီးအလွတ်သတင်းထောက်တွေ အောင်ပွဲခံခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က လန်ဒန်မြို့မှာ ပြုလုပ်တဲ့ ထူးချွန်ဆုပေးပွဲမှာ အမေရိကန် အလွတ်သတင်းထောက် ရူပါဂို ဂျင်နဲနီ၊ နော်ဝေ ဒါရိုက်တာ ဒီယာခန်း တို့ ရရှိခဲ့ပါတယ်။ ဒါ့အပြင် မာတင် အက်ဒ်လာဆုကို မော်လ်တာ စုံစမ်းရေး ဂျာနယ်လစ် ဒပ်ဖနီ-ဂါလီဇီယာ၊ သတင်းဆုကိုတော့ စပိန် ဗွီဒီယိုသတင်းထောက် မီခဲ ကိုနာတေ တို့က ရရှိခဲ့ပါတယ်။ ရူပါဂို ဂျင်နဲနီဟာ ရုပ်သေးသရုပ်ဖော်ပြကွက်နဲ့ ဆူဒန်နိုင်ငံ ပဋိပက္ခ တင်ဆက်မှု ရုပ်ရှင်မှာ Rory Peck သတင်းဆောင်းပါးဆုကို ရခဲ့တာပါ။ နော်ဝေဒါရိုက်တာ ဒီယာ ခန်းနဲ့ ဒယ်ရင်း ပရင်တယ်တို့ဟာ လက်ယာစွန်း လူဖြူတွေအကြောင်း​​ ရိုက်ကူးထားတဲ့ သတင်းနဲ့ မျက်မှောက်ရေးရာ ထူးချွန်ဆုရရှိခဲ့ပါတယ်။ အလားတူ ကားဗုံးကွဲမှုမှာ သေဆုံးခဲ့တဲ့ မော်လ်တာ သတင်းထောက် ဂါလီဇီယာကတော့  မာတင် အက်ဒ်လာဆုကို ရရှိခဲ့ပါတယ်။ စပိန်ဗွီဒီယို သတင်းထောက် မီခဲ ကိုနာတေကတော့ မြေထဲပင်လယ်အတွင်း  ရွှေ့ပြောင်းလာသူတွေကို စပိန် NGO သဘောင်္တစီးက ၁၀ နာရီကြာ ကယ်ဆယ်ရေး လုပ်ခဲ့တဲ့ သတင်းနဲ့ Rory Peck သတင်းဆုကို ရရှိခဲ့တာလို့ ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up