Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ(ရုပ်သံ)
DVB
·
November 3, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Biographical Music Drama အမျိုးအစားရုပ်ရှင်ပရိသတ်တွေအကြိုက် Bohemian Rhapsody ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ 20th Century Fox က တင်ဆက် လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Bryan Singer က ရိုက် ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။ Bohemian Rhapsody လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး Rock တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Queen ကို ပြေးမြင်မိကြမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ သူတို့အဖွဲ့ရဲ့ အကြောင်းကို ဖြစ်ရပ်မှန်အခြေပြုရိုက်ကူးထားခဲ့တာပါ။ ၁၉၇၀ ပြည့်လွန် ကာလကနေ ဆယ်စုနှစ်ချီ ကျော်ကြားခဲ့တဲ့ Queen အဖွဲ့ဖြစ်ပေါ်လာပုံနဲ့ သူတို့အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Freddie Mercury ရဲ့ ဘ၀အကြောင်းကို ဒီကားထဲမှာ ဘယ်လို ဂီတသံစဉ်တွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ထားမလဲဆိုတာကို ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အဓိက ဇာတ်ကောင် Freddie Mercury နေရာမှာတော့ အမေရိ ကန်သရုပ်ဆောင်မင်းသား Rami Malek က သရုပ်ဆောင်ထားပြီး သူ့ရဲ့ချစ်သူ Mary နေရာမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး Lucy Boynton တို့က အတွဲညီညီနဲ့ ပါဝင် သရုပ်ဆောင်ထားကြတာပါ။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ထွက်မလာခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 8.4 ထိ ရရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၃၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး Boxoffice မှာတော့ ရုံတင်မယ့် ပထမသီတင်းပတ်မှာတင် ၀င် ငွေ အမေရိကန်ဒေါ်လာ ၂၆ သန်းနဲ့ သန်း ၃၀ ကြား ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရာဇ၀င်သမိုင်းနောက်ခံ ကိုရီးယားအက်ရှင်ပရိသတ်တွေအတွက်ပါ။ Rampant လို့ အမည်ရပါတယ်။ ဒီကားကိုတော့ နာမည်ကြီးကိုရီးယားရုပ်ရှင်ကား Train to Busan ကို ထုတ်လုပ် ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီ Next Entertainment World က တင်ဆက်လိုက်တာဖြစ်ပြီး ကိုရီး ယားရုပ်ရှင်ဒါရိုက်တာ Kim Sung-Hoon က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ဂျိုဆွန်းခေတ်ကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားထဲ မှာ ညဘက်မှာ ထွက်တဲ့ မကောင်းဆိုးဝါး Zombie တွေရဲ့ တိုက်ခိုက်မှုကနေ နိုင်ငံကို ကယ်တင်ရတဲ့ အကြောင်းတွေကို ရှုစားကြရမှာဖြစ်ပါတယ်။ နိုင်ငံပြင်ပမှာ ဓားစာခံ အ ဖြစ်ဖမ်းဆီးခံထားရပြီး နိုင်ငံထဲကို ပြန်ရောက်လာချိန်မှာ အိမ်ရှေ့စံမင်းသားလည်းဖြစ်၊ နိုင်ငံရဲ့ အတော်ဆုံးဓားသမားတယောက်လည်းဖြစ်တဲ့ Lee Chung ဟာ ဒီအခြေအနေ တွေကို ဘယ်လိုဖြတ်ကျော်မလဲ။ တဖက်မှာလည်း လက်ရှိတော်ဝင်ထီးနန်းကို လုယူဖို့ အကြံအစည်ရှိနေတယ်လို့ သံသယရှိနေတဲ့ စစ်သူကြီး Kim Ja-Joon နဲ့အတူ ရှေ့ဆက် ဘယ်လိုတွေဖြစ်လာမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ပါ။ ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီး ကို ရီးယား သရုပ်ဆောင်မင်းသားတွေဖြစ်ကြတဲ့ Hyun Bin နဲ့ Jang Dong-Gun တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေအများကြီးက ပါဝင်အားဖြည့်ထား ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ်တောင်ကိုရီးယားဝမ်ငွေ ၁၇ ဘီလျံအကုန်အ ကျခံ ရိုက်ကူးထားခဲ့တာဖြစ်ပြီး IMDb မှာတော့ Rating 6.1 ထိ ရရှိထားတာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခါ မူဗီခရေဇီတွေကို မိတ်ဆက်ပြောပြပေးမယ့် ရုပ်ရှင်ကားကတော့ မြန်မာ ရုပ်ရှင်ကားတကားဖြစ်တဲ့ “တစ်ခုလပ်” သမီးမြတ်ကျော်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် က ရိုက်ကူးပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကို SG9 ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက် လိုက်တာ ဖြစ်ပါတယ်။ ဒီကားကတော့ အကြောင်းအမျိုးမျိုးကြောင့် တခုလပ်ဖြစ်သွားရတဲ့ အမျိုးသမီး တွေရဲ့ ဘ၀တွေ၊ သားသမီးတွေအပေါ် ထိန်းကျောင်းတဲ့ ပုံရိပ်တွေအပြင် လူမှုဝန်းကျင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ အတားအဆီးတွေ၊ ပြဿနာတွေနဲ့  မိဘမဲ့ကလေးတွေရဲ့ ဘ၀ဇာတ်ကြောင်းတွေကိုပါ ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ထူးထူးခြားခြား ၀ါရင့်နာမည်ကြီးသရုပ်ဆောင် မင်းသမီးတွေနဲ့ သရုပ်ဆောင်မင်းသားသစ်တွေ ဘယ်လိုတွဲဖက်သရုပ်ဆောင်ထားကြမလဲဆိုတာ ကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကသရုပ်ဆောင်မင်းသမီး မျိုးသန္တာထွန်း၊ ခင်ဇာခြည်ကျော်၊ လင်းဇာနည်ဇော်တို့နဲ့အတူ သရုပ်ဆောင်မင်းသားသစ်တွေဖြစ်ကြတဲ့ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်တို့နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးက ပါဝင်ထားကြတာပါ။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း Facebook အင်တာနက်လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉ သိန်းကျော်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါ တယ်။ နောက်ထပ်မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Adventure Sci-Fi ရုပ်ရှင်ပရိသတ်တွေ နှစ်သက်ကြမယ့် ရုပ်ရှင်ကားတကားဖြစ်ပါ တယ်။ Prospect လို့ အမည်ရပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ ၂ ဦးဖြစ်ကြတဲ့ Zeek Earl နဲ့ Chris Caldwell တို့က ပူးတွဲရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ လကမ္ဘာရဲ့ အဆိပ်ပြင်းတဲ့ သစ်တောကြီးထဲက ရတနာတွေ တူး ဖော်ရှာဖွေဖို့ ရောက်လာခဲ့ကြတဲ့ သားအဖအကြောင်းကို အခြေပြုရိုက်ကူးထားခဲ့တာပါ။  သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ချမ်းသာဖို့။ ကျောက်မျက်ရတနာတွေကလည်း တောရဲ့ အနက်ရှိုင်းဆုံး နေရာမှာရှိနေပြီး အတောမသတ်နိုင်တဲ့ ဖခင်ဖြစ်သူရဲ့ လောဘကြောင့် ဆယ်ကျော်သက် သမီးဖြစ်သူကို ဂြိုဟ်ပေါ်မှာ တခြားသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ဖိအားပေးခံရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုအခက်အခဲတွေ၊ အန္တရာယ် တွေနဲ့ ရင်ဆိုင်ကြရမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Sophie Thatcher, Jay Duplass, Pedro Pascal တို့က အဓိကခေါင်းဆောင်ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြောစကား Dialog တွေပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီးရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ South By Southwest  Film Festival မှာ ကနဦးပြသခဲ့ပြီး IMDb မှာတော့ Rating 6.9 ထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့လာမယ့် နိုဝင်ဘာလ ၂ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ကျားအစစ်တွေနဲ့အတူ ထူးထူးခြားခြား ရိုက်ချက်တွေနဲ့ ရှုစားကြရမယ့်ရုပ်ရှင် “မှော်ဝင် သမန်းကျား” ဒီကားကိုတော့ အဆိုတော် သရုပ်ဆောင် ခွန်းဆင့်နေခြည်ရဲ့ ကျောက်ဆူးရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပုံ ဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ထမံသီကျေးရွာမှာ လူကနေ ကျားဖြစ်သွားတဲ့ ဂမ္ဘီရဆန်ဆန်၊ သည်းထိတ်ရင်ဖိုဇာတ်လမ်းကို အခြေပြုရိုက်ကူးထားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျားအစစ်တွေနဲ့ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်ကျပ် သိန်း ၃ ထောင်ကျော်လောက် ကုန်ကျခဲ့ပြီး အချိန် ၄ နှစ်လောက်ကြာ မှ ရုံတင်ပြသခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့  ခွန်းဆင့်နေခြည်နဲ့အတူ ရန်အောင်၊ မင်းမော်ကွန်း၊ သူထူးစံ၊ စိုးမြတ်သူဇာ၊ လင်းဇာနည်ဇော်စတဲ့ သရုပ်ဆောင်တွေက အတွဲညီညီ ပါဝင်သရုပ် ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို အင်္ဂလိပ်နဲ့ ထိုင်းလို စာတန်းထိုးပေးထားပြီး အာဆီယံဒေသတွင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ပြသသွားမယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ကား Trailer ဟာလည်း ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်း ကျော်ထိ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇ နာရီခွဲမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိတ်သတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာ ရီ၊ စနေနေ့ နေ့လည် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024