သေနတ်သမား ဘရေဗစ်ကို ထောင်ဒဏ် ၂၁ ချမှတ်

နော်ဝေနိုင်ငံမှာ ဇူလိုင်လက လူအများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်တဲ့ သေနတ်သမား အန်ဒါစ့် ဘေရင်း ဘရေဗစ် (Anders Behring Breivik) ကို တရားရုံးက စိတ်မှန်တယ်လို့ ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ပါတယ်။ နော်ဝေရဲ့ အမြင့်ဆုံး ပြစ်ဒဏ် ၂၁ နှစ်ကို ဘရေဗစ်က ကျခံရမယ်လို့ နော်ဝေနိုင်ငံသား ၄ ပုံ ၃ ပုံက ယုံကြည်နေကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါ တယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ လက်ယာ အစွန်းရောက် ဘရေဗစ်က ပထမဆုံးအနေနဲ့ နော်ဝေ အော်စလိုမြို့ က အစိုးရ အဆောက်အဦတခုမှာ ဗုံးတလုံး ထောင်ပြီး ဖောက်ခွဲခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့ ပါတယ်။ အဲဒီနောက် အူတိုယာ (Utoeya) ကျွန်းပေါ်က နွေရာသီစခန်းမှာ ဆယ်ကျော်သက် လူငယ် ၆၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ တရားရုံးက ဘရေဗစ်ရဲ့ စိတ်ပုံမှန် ဟုတ်မဟုတ်ကို ဒီနေ့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ သတင်းဌာနတွေက အာရုံစိုက်ခဲ့ကြပြီး နော်ဝေ ရုပ်သံတွေကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up