ဂျေရုဆလင်ကို သံရုံးပြောင်းရွှေရန် အခက်အခဲမရှိဟု ဘရာဇီးသမ္မတပြော

Jair Bolsonaro, far-right lawmaker and presidential candidate of the Social Liberal Party (PSL), gestures at a polling station in Rio de Janeiro, Brazil October 28, 2018. REUTERS/Pilar Olivares TPX IMAGES OF THE DAY
ဘရာဇီးရွေးကောက်ခံသမ္မတ ဘော်ဆိုနာရိုက ဘရာဇီးသံရုံးကို ဂျေရုဆလင်ပြောင်းရွှေ့ဖွင့်လှစ်ဖို့ အခက်အခဲ  မရှိနိုင်ဘူးလို့ နိုဝင်ဘာ ၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ ဘော်ဆိုနာရို ရွေးကောက်ပွဲ မဲဆွယ်စဉ်က ပြောကြားထားတဲ့ နိုင်ငံရေး မူဝါဒ လမ်းစဉ်လည်း ဖြစ်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက သူရဲ့ ရွေးကောက်ပွဲအောင်မြင်မှုကို အစ္စရေးဝန်ကြီးချုပ်က ဂုဏ်ပြုစကားပြောခဲ့တယ်လို့ ဘော်ဆိုနာရိုက အတည်ပြုပြောကြားခဲ့ပါတယ်။ ဘော်ဆိုနာရိုဟာ သမ္မတရာထူးလက်ခံပြီးနောက် လာမယ့်နှစ် အစ္စရေးကို သွားရောက်မယ်လို့လည်း တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ဂျေရုဆလင်အရေးကိစ္စဟာ အခက်အခဲဆုံး အတားအဆီးတွေထဲက တခုဖြစ်တယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up