A d v e r t i s e m e n t With Us

တရားဝင်ဆေးခြောက်စိုက်ပျိုးသည့် ပထမဆုံးအာရှနိုင်ငံ ဖြစ်လာတော့မည့် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံမှာ ဆေးဝါးနဲ့ သုတေသနလုပ်ငန်းတွေအတွက် ဆေးခြောက်စိုက်ပျိုးမှုကို တရားဝင်ခွင့်ပြုသွားမယ့် အစီအမံတွေ လုပ်ဆောင်နေတယ်လို့ အစိုးရတာဝန်ရှိသူတွေက အောက်တိုဘာလ ၃၁ ရက်နေ့က ပြောလိုက်ပါတယ်။ တခြားသော ကမ္ဘာ့နိုင်ငံတွေဖြစ်ကြတဲ့ ကနေဒါ၊ သြစတေးလျ၊ အစ္စရေးနဲ့ အမေရိ ကန်နိုင်ငံရဲ့ ထက်ဝက်ကျော်ပြည်နယ်တွေမှာတော့ ဒါကို ခွင့်ပြုလက်ခံထားကြပြီး အာရှ ဒေသမှာတော့ ထိုင်းနိုင်ငံဟာ ပထမဆုံး ဆေးခြောက်တရားဝင်စိုက်ပျိုးခွင့်ပြုတဲ့ နိုင်ငံဖြစ် လာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက် ဂရဲန်းဒ်ဗျူးသုတေသနအဖွဲ့ကတော့ ထိုင်းနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဈေးကွက်အတွင်း ဒီစိုက်ပျိုးထုတ်လုပ်မှုကနေ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၅ ဒဿမ ၈ သန်းထိ ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကန့်အသတ်နဲ့သာ အသုံးပြုရမယ့် ဥပဒေမူကြမ်းကိုတော့ စစ်အစိုးရဥပဒေပြု လွှတ်တော်ကို တင်ပြထားခဲ့ပြီးဖြစ်တယ်လို့ ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဂျက်ဆီရာသနွန်ကတော့ “ကျနော်တို့ ဥပဒေမူကြမ်းကို အထက်ကိုတင်ပြထားပြီး လွှတ်တော်တွင်းမှာ တလအတွင်း ဖတ်ကြားအကြောင်းပြန်သွားဖို့ ရှိနေပါတယ်”လို့ ပြောပါတယ်။ ခုလက်ရှိ ဥပဒေကြမ်းအရ ဆေးခြောက်ကို ဆေးဝါးဆိုင်ရာ အသုံးပြုမှုအတွက်သာ ခွင့်ပြုမှာဖြစ်ပြီး တခြားစိတ်သာယာမှုအတွက် ခွင့်ပြုလိမ့်မှာမဟုတ်ဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ဆေးခြောက်အသုံးပြုမှုကို ထိုင်းနိုင်ငံမှာ တရားမ၀င်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်ဆဲ ဖြစ်ကာ တရားမ၀င် မူးဆစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကိုပါ အရေးယူနေတာ ဖြစ်ပါတယ်။ ဂျက်က တခြား ကနေဒါနဲ့ သြစတေးလျနိုင်ငံတွေလို ဆေးခြောက်တရားဝင်တင်ပို့ မှုပြုလုပ်ဖို့ ထိုင်းအနေနဲ့ ကြန့်ကြာနေခဲ့တယ်လို့ ပြောပြီး ဒီကနေ ရရှိလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ထောက်ပြပြောဆိုထားပါတယ်။ “ထိုင်းနိုင်ငံသားတွေအတွက် အခွင့်အလမ်းတခုဖြစ်တာမို့ ကျနော်ကတော့ ဒီလို လုပ်ဆောင်နေတာပါ။ ထိုင်းဟာ ကမ္ဘာ့အရည်အသွေးအကောင်းဆုံး ဆေးခြောက်ရရှိနိုင်တဲ့ နိုင်ငံပါပဲ”

A d v e r t i s e m e n t With Us

More News
Up