ရမ်ဆေးကို အာဆင်နယ်အသင်း ထွက်ခွာခွင့်ပြု

3.6K
အာဆင်နယ်အသင်းဟာ ရမ်းဆေးကို အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောဆိုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ အာဆင်နယ်အသင်းမှာ ၈ နှစ်လောက် ကစားထားသူဖြစ်ပြီး လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။
နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ သက်တမ်းတိုးဖို့ အဆင်မပြေမှုတွေ ရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဘက်က ထွက်ခွာခွင့်ပေးထားတယ်လို့ဆိုပါတယ်။
ရမ်းဆေးကိုခေါ်ယူဖို့ ဂျုဗင်တပ်၊ ဘိုင်ယန်မြူးနစ်တို့အပြင် ပြိုင်ဘက် ချဲလ်ဆီးနဲ့ မန်ယူအသင်းတွေကလည်း ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ရမ်ဆေးဟာ ၂၀၀၈ ခုနှစ်ကတည်းက ကာဒစ်အသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး လက်ရှိအချိန်အထိ အသင်းအတွက် စုစုပေါင်း ၃၄၃ ပွဲအထိ ကစားပေးထားပါတယ်။