အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ် အာဆင်နယ်နှင့်စပါး ထိပ်တိုက်တွေ့

အင်္ဂလန်လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အာဆင်နယ်နဲ့စပါးအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ ၁၆ သင်းအဆင့်မှာ ဘလက်ပူးလ်အသင်းကို ၂ ဂိုး  ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး စပါအသင်းကလည်း ၀က်စ်ဟမ်းကို ကျော်ဖြတ်လာ တာပါ။ စပါးအသင်းအနေနဲ့ အာဆင်နယ်ရဲ့ကွင်းမှာ လာရောက်ကစားရမှာလည်းဖြစ်ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ ချဲလ်ဆီးက ဘုန်းမောက်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး မစ်ဒယ် ဘရော့က ဘာတန်နဲ့ တွေ့ဆုံပါတယ်။ မန်စီးတီးက ၁၆ သင်းအဆင့်မှာ ဖူဟမ်ကို အနိုင်ရမယ်ဆိုရင် လက်စတာနဲ့ ဆောက်သမ်တန်ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ ကရာဘောင်းဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၁၇ ရက်မှာ စတင်ယှဉ်ပြိုင်ကစားဖို့ သတ်မှတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up