Home
မြန်မာသတင်း
ABSDF နှစ် ၃ဝ ပြည့်ပွဲ မြိတ်မြို့တွင်ကျင်းပ၊ ကျဆုံးရဲဘော်များအတွက် ရေစက်ချအမျှဝေ
DVB
·
November 1, 2018
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုရကရက်တစ်တပ်ဦး ABSDF နှစ် ၃၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို နိုဝင်ဘာလ ၁ ရက်မနက်က တနင်္သာရီတိုင်း မြိတ်မြို့ တောရပ်အောက် ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းကို ထားဝယ်၊ ပုလော၊ မြိတ်စတဲ့ တောင်ပိုင်းဒေသက ရဲဘော်ဟောင်းများ လူမှုကွန်ယက်ကနေဦးစီးကျင်းပခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေပါအဝင် အခြားနိုင်ငံရေးအင်အားစု ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ မနက်ပိုင်းမှာ ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး ဆွမ်းကျွေးတရားတော်နာ ရေစက်ချ အမျှဝေခဲ့ပြီးတဲ့နောက်မှာတော့ ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့် လက်ရှိနိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ခဲ့သလို နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီးကလည်း အထိမ်းမှတ် သဝဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။ အခုအခမ်းနားကို တောင်ပိုင်းဒေသ ရဲဘော်ဟောင်းများ လူမှုကွန်ရက်ကနေ ဦးဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၅ ကြိမ်မြောက်ရှိပြီလို့လည်း ဦးဆောင်သူတွေကပြောပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံအပြီး တော်လှန်ရေးကာလနှစ်ပေါင်း ၃၀ အတွင်းမှာ ABSDF ကျောင်းသားတပ်မတော်က ၇၅၉ဦး ကျဆုံးခဲ့ပြီး မြန်မာပြည်တောင်ပိုင်းမှာတော့ ၂၀၀ ဝန်းကျင်ကျဆုံး ခဲ့ပါတယ်။ သတင်း- ဓာတ်ပုံ - အောင်ကျော်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024