A d v e r t i s e m e n t With Us

ပရိသတ်အကြိုက် စွန့်စားမှုသိပ္ပံဆန်းကြယ် – Prospect ရုပ်ရှင်(နမူနာ)

ဟောလိဝုဒ် စွန့်စားမှုသိပ္ပံဆန်းကြယ်ရုပ်ရှင်ပရိသတ်တွေ နှစ်သက်ကြမယ့် Prospect အမည်ရတဲ့ ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာလ ၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ ၂ ဦးဖြစ်ကြတဲ့ Zeek Earl နဲ့ Chris Caldwell တို့က ပူးတွဲရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ လကမ္ဘာရဲ့ အဆိပ်ပြင်းတဲ့ သစ်တောကြီးထဲက ရတနာတွေ တူးဖော်ရှာဖွေဖို့ ရောက်လာခဲ့ကြတဲ့ သားအဖအကြောင်းကို အခြေပြုရိုက်ကူးထားခဲ့တာပါ။   သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ချမ်းသာဖို့။ ကျောက်မျက်ရတနာတွေကလည်း တောရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ရှိနေပြီး အတောမသတ်နိုင်တဲ့ ဖခင်ဖြစ်သူရဲ့ လောဘကြောင့် ဆယ်ကျော်သက်သမီးဖြစ်သူကို ဂြိုဟ်ပေါ်မှာ တခြားသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ဖိအားပေးခံရတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုအခက်အခဲတွေ၊  အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရမလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Sophie Thatcher, Jay Duplass, Pedro Pascal တို့က အဓိကခေါင်းဆောင်ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြောစကား Dialog တွေပါဝင်နေတာမို့ ဒီရုပ်ရှင်ကားကိုတော့ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ နာမည်ကြီးရုပ်ရှင်ပွဲ တော်တခုဖြစ်တဲ့ South By Southwest  Film Festival မှာ ကနဦးပြသခဲ့ပြီး IMDb မှာတော့ Rating 6.9 ထိ ရရှိထားတဲ့ ဇာတ်ကားတကားဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up