WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660456218.3961110115051269531250', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ရက်ရှ်ဖို့ဒ် ၏ ဂိုးသွင်းနှုန်း အားရစရာမရှိသေးဟု ရော်ဘင်ဆင်ပြော – DVB

ရက်ရှ်ဖို့ဒ် ၏ ဂိုးသွင်းနှုန်း အားရစရာမရှိသေးဟု ရော်ဘင်ဆင်ပြော

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ တရာသီအတွင်း ဂိုး ၂၀ ကနေ ၃၀ အတွင်းရဖို့ ပစ်မှတ်ထားသင့်တယ်လို့ အသင်းကစားသမားဟောင်း ရော်ဘင်ဆင်က တိုက်တွန်းလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ ၁ ဂိုးပဲ သွင်းယူထားပါတယ်။ ဒီဂိုးသွင်းနှုန်းက အားရစရာ မရှိသေးတာကြောင့် အခုထက်ပိုမို ဂိုးသွင်းနိုင်ဖို့ လိုအပ်ပြီး ကစာသမားဘဝ နောက်တဆင့်တက်လှမ်းဖို့ လိုနေပြီလို့ ရော်ဘင်ဆင်က တိုက်တွန်းပါတယ်။ အသက် ၆၁ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစာသမားဟောင်း ရော်ဘင်ဆင်ဟာ မန်ယူအသင်းမှာ ၁၃ နှစ်ကြာ ကစားခဲ့သူပါ။ ရက်ရှ်ဖို့ဒ်အနေနဲ့ တိုက်စစ်မှာကစားသည်ဖြစ်စေ တောင်ပံမှာကစားသည်ဖြစ်စေ အခုထက် ဂိုးသွင်းအားကောင်းမှ ထိပ်တန်းတိုက်စစ်မှူး တဦးရဲ့အဆင့်ကို ရောက်ရှိနိုင်မယ်လို့ ရော်ဘင်ဆင်က အသင်းတရားဝင်ဝက်ဘ်ဆိုက်မှာပြောကြားခဲ့ပါတယ်။

//
More News
Up