A d v e r t i s e m e n t With Us

အိန္ဒိယခေါင်းဆောင် ပတေးလ်ကို ဂုဏ်ပြုပြီး ကမ္ဘာ့အကြီးဆုံး ပုံတူရုပ်တုဖွင့်လှစ်  

အိန္ဒိယနိုင်ငံကို တည်ထောင်သူ ဖခင်ကြီး စာဒါဗယ်လဘိုင် ပတေးလ်ရဲ့ ပုံတူ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကို ဝန်ကြီးချုပ် နရင်ဒြာ မိုဒီက သူ့ရဲ့ဇာတိမြေ ဂူဂျာရတ် ပြည်နယ်မှာ အောက်တိုဘာ ၃၁ ရက်က ဖွင့်လှစ်ပေးလိုက်ပါတယ်။ သံမဏိလူသားလို့ လူသိများတဲ့ ပတေးလ်ဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရအပြီး ပြည်နယ် ၅၀၀ နီးပါးကို အိန္ဒိယပြည်ထောင်စုအဖြစ် တသားတည်း ဖြစ်လာအောင် ပေါင်းစည်းရာမှာ ကြိုးစားပါဝင်ခဲ့ပါတယ်။ အမြင့် မီတာ ၂၄၀ ရှိတဲ့ သံနဲ့ ကြေးနီ ပေါင်းစပ်ထားပြီး  ညီညွတ်ရေး ရုပ်တုလို့ နာမည်ပေးထားတဲ့ ဒီရုပ်တုဟာ အမေရိကန်နိုင်ငံက လွတ်လပ်ရေး ရုပ်တုထက် ၂ဆ အရွယ်အစား ကြီးမားပါတယ်။ ရုပ်တု တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ သန်း ၄၂၀ ကုန်ကျပါတယ်။ တရုတ်နိုင်ငံက ဗုဒ္ဓရဲ့ နွေရာသီ ကျောင်းတော်ထက် ပိုမြင့်လို့ ကမာ့္ဘအမြင့်ဆုံးရုပ်တု ဖြစ်လာဖို့ရှိပါတယ်။ နာမာဒါမြစ်တွင်း၊ စာဓုဘတ်ကျွန်းပေါ်၊ စာဒါစာရိုဗာဆည်အနား၊ ဗင်ဒီယာချယ်နဲ့ စတ်ပူရ တောင်ကုန်းစတဲ့ နေရာတွေက မီးတောင်ချော်ကျောက်တွေကို ကောက်ယူစုဆောင်းပြီး ရုပ်တုအောက်ခံအဖြစ် ထားရှိတည်ဆောက်ခဲ့တာလို့လည်း သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up