A d v e r t i s e m e n t With Us

မိုးညှင်းတွင် တပ်မတော်ယာဉ်နှင့် တိုက်မိ၍ ဆိုင်ကယ်သမားသေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ အောက်တိုဘာ ၃၀ ရက် နေ့လယ်ပိုင်းက တပ်မတော် ယာဉ်တန်းကားနဲ့ တိုက်မိပြီး ဆိုင်ကယ်သမားတဦး သေဆုံးသွားပါတယ်။ နားခါရပ်ကွက်၊ သံလမ်းကူးနေရာ မြစ်ကြီးနား-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သာစည်ရပ်ကနေ နားခါရပ်ကို ဦးချိုသန်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ဟာ အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြော မျက်နှာချင်းဆိုင် ယာဉ်တန်းရှေ့ဆုံးက ကားနဲ့ တိုက်မိခဲ့တာပါ။ အဲဒီကားကို မြစ်ကြီးနား အခြေစိုက် ထပရ ၇၂၇ က တပ်သား ဇင်မင်းထွန်း မောင်းနှင်လာပြီး ဘယ်ဘက်ရှေ့ ဘန်ပါကို ဝင်တိုက်မိခဲ့တယ်လို့ မိုးညှင်းရဲစခန်း တာဝန်ရှိသူဆီက သိရပါတယ်။ ဆိုင်ကယ်သမားဟာ တိုက်မိတဲ့ဒဏ်ရာနဲ့ မိုးညှင်းဆေးရုံမှာ ဆေးကုသမှု ခံယူတုန်း သေဆုံးသွားခဲ့တာပါ။ သေဆုံးသူ အသက် ၆၃ နှစ်အရွယ် ဦးချိုတူးကို အမှတ် ၁၀၁ ယဉ်ထိန်းရဲတပ်ဖွဲ့စုက တရားလိုပြု တိုင်တန်းပြီး မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up