ကမ္ဘာ့ဖလား Indoor Skydiving ပြိုင်ပွဲတွင် ပြင်သစ်အသင်းအနိုင်ရ

1.6K
ဘာရိန်းနိုင်ငံ၊ ဇာလက်မြို့မှာ အောက်တိုဘာ ၂၅ ရက်ကနေ ၂၈ ရက်အထိ ကျင်းပတဲ့ ကမ္ဘာ့ဖလား Indoor Skydiving ပြိုင်ပွဲမှာ ပြင်သစ်အသင်းက လေးယောက်တွဲ ပွဲစဉ်မှာ ရွှေတံဆိပ်ဆု ရရှိသွားပါတယ်။
ကမ္ဘာတ၀န်းက ပြိုင်ပွဲဝင်ပေါင်း ၂၄၀ က အဲဒီပြိုင်ပွဲ ပွဲစဉ်အမျိုးမျိုးမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စင်္ကာပူအသင်းက D2 Women's Open ပွဲစဉ်မှာ အနိုင်ရခဲ့ပါတယ်။
အလားတူ လက်ဗီးယားနိုင်ငံက တွမ်အီဗန်ကလည်း တဦးချင်း အလွတ် Skydiving ပွဲစဉ်မှာ အောင်ပွဲခံခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။