A d v e r t i s e m e n t With Us

မြန်မာယူ ၁၉ အမျိုးသမီးအသင်း အာရှယူ ၁၉ ခြေစစ်ပွဲ ဒုတိယအဆင့် တက်ရောက်

ဓာတ်ပုံ - MFF
မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးအသင်းဟာ အာရှယူ၁၉ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲ ဒုတိယအဆင့်ကို အကောင်းဆုံး အုပ်စုဒုတိယအသင်း ၁ သင်းအဖြစ် တက်ရောက်သွားပြီလို့ အာရှဘောလုံးအဖွဲ့ချုပ်က အတည်ပြုတဲ့အကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ပထမအဆင့် ခြေစစ်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု စ မှာ ပါဝင်ခဲ့ပြီး လာအိုကို ၄-၃ ဂိုးနဲ့ ရှုံးခဲ့ပေမယ့် အီရန်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဂိုးကွာခြားချက်နဲ့ အကောင်းဆုံး အုပ်စုဒုတိယ ရရှိခဲ့တာပါ။ ပထမအဆင့်ခြေစစ်ပွဲတွေကို အောက်တိုဘာ ၂၀ ရက်ကနေ ၂၈ ရက်အထိ မြန်မာအပါအဝင် နိုင်ငံ ၆ နိုင်ငံမှာ အုပ်စု ၆ စုခွဲ ကျင်းပပြီး ထိပ်ဆုံး ၆ သင်းနဲ့ အကောင်းဆုံး အုပ်စုဒုတိယရတဲ့ ၂ သင်း၊ ပေါင်း ၈ သင်း ဒုတိယအဆင့်ခြေစစ်ပွဲကို တက်ရောက်ခွင့်ရတာပါ။ အဲဒီ ၈ သင်းကတော့ အုပ်စုပထမရခဲ့ကြတဲ့ သြစတြေးလျ၊ နီပေါ၊ ဥဇဘက်ကစ္စတန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ အီရန်အသင်း၊ အကောင်းဆုံး အုပ်စုဒုတိယရတဲ့ မြန်မာနဲ့ လက်ဘနွန်အသင်းတို့ ဖြစ်ကြပါတယ်။ ဒုတိယအဆင့် ခြေစစ်ပွဲတွေကို ၂၀၁၉ ဧပြီလမှာ ကျင်းပမှာဖြစ်ပြီး အဲဒီ ၈ သင်းကို ၄ သင်းစီ အုပ်စုနှစ်စုခွဲ ယှဉ်ပြိုင်စေကာ ထိပ်ဆုံးနှစ်သင်းက ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up