A d v e r t i s e m e n t With Us

ပယ်နယ်တီကန်သွင်းပုံ ပြောင်းလဲရန် လေ့ကျင့်သွားမည်ဟု ပေါ့ဂ်ဘာ ပြော

ပယ်နယ်တီကန်သွင်းပုံနဲ့ ပတ်သက်ပြီး ပြောင်းလဲဖို့ လေ့ကျင့်သွားမယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာက ပြောကြားလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ အဲဗာတန်အသင်းနဲ့ပွဲမှာ ရရှိတဲ့ ပယ်နယ်တီကို ကန်သွင်းရာမှာ ခြေလှမ်း ၂၈ လှမ်းအထိ အရှိန်ယူပြီးမှ ကန်သွင်းခဲ့တာဖြစ်ပြီး အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်က ပုတ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ထွက်လာတဲ့ဘောလုံးကို ပေါ့ဂ်ဘာကပဲ ထပ်ဆင့်ပိတ်သွင်းခဲ့တာကြောင့် ဂိုးရခဲ့တာ ဖြစ်ပါတယ်။ မိမိရဲ့ ပယ်နယ်တီကန်သွင်းတဲ့ နည်းစနစ်ကို ပြုပြင်သွားဖို့လိုပြီး ကံကောင်းလို့သာ ဂိုးရခဲ့တာဖြစ်တယ်လို့ ပေါ့ဂ်ဘာက ဆိုပါတယ်။ ပေါ့ဂ်ဘာရဲ့ ပယ်နယ်တီကန်သွင်းပုံနဲ့ ပတ်သက်ပြီး ဘောလုံးကျွမ်းကျင်သူတွေက ဝေဖန်ခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up