A d v e r t i s e m e n t With Us

အစ္စရေးက ဂါဇာကမ်းမြောင်ကို လေကြောင်းမှတိုက်ခိုက်၊ ပါလက်စတိုင်း ၃ ဦး သေဆုံး

ဓာတ်ပုံ - AFP
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို အောက်တိုဘာ ၂၈ ရက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ပါလက်စတိုင်း အမျိုးသား ၃ ဦး သေဆုံးတယ်လို့ ဟားမတ်စ်ထိန်းချုပ်ရာ ဒေသအတွင်းက ဆေးဘက်အရာရှိတွေက ပြောပါတယ်။ အစ္စရေးအစိုးရကတော့ နယ်စပ်စည်းရိုး အစိတ်အပိုင်းတခုကို ဖောက်ခွဲဖို့ စစ်သွေးကြွ သံသယရှိသူတွေက ကြိုးစားနေတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။ အစ္စရေးစစ်သားတဦးလည်း လက်ဖြောင့်တပ်သားလက်ချက်နဲ့ သေဆုံးပါတယ်။ အစ္စရေးတွေက ပိုင်နက်ကို ပိတ်ဆို့ထားတာကို ဆန့်ကျင်ပြီး သိမ်းပိုက်ခံ အစ္စရေး နယ်မြေထဲက ပါလက်စတိုင်းတွေရဲ့ နေရာဟောင်းကို ပြန်လာခွင့်ရရေး ပါလက်စတိုင်းတွေက ဆန္ဒပြနေတာ ၇ လနီးပါး ကြာနေပါပြီ။ ဒီ ၇ လအတွင်း အစ္စရေးတပ်တွေသတ်လို့ ပါလက်စတိုင်း ၂၁၆ ဦးကျော် သေဆုံးခဲ့ပြီးပြီလို့ ဂါဇာ ဆေးဘက်အရာရှိတွေက ပြောပါတယ်။ ဂါဇာက လက်နက်ကိုင် ထိုးဖောက်မှုတွေကို ဟန့်တားဖို့ လူသေတဲ့အထိ တုံ့ပြန်ဖို့ လိုအပ်တယ်လို့ အစ္စရေးက ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေ မကြာခဏ ပိုများလာလို့ စစ်ဖြစ်သွားနိုင်တယ်လို့ အစ္စရေးက သတိပေးခဲ့ပြီးပါပြီ။ အီဂျစ်အစိုးရနဲ့ ကုလသမဂ္ဂတို့က အပစ်အခတ်ရပ်စဲရေးအတွက် ထပ်ခါတလဲ ကြားဝင် ဖျန်ဖြေပေးခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up