Live
Home
မြန်မာသတင်း
လက်ကျန်သက်တမ်းတွင် တံတားအစင်းပေါင်း ၄၀၀ ပြီးစီးအောင်ဆောက်မည်ဟု သမ္မတပြော
DVB
·
October 29, 2018
အန်ယ်လ်ဒီအစိုးရရဲ့ လက်ကျန်သက်တမ်းကာလအတွင်းမှာ နိုင်ငံတ၀န်း ဒေသအလိုက် လိုအပ်နေတဲ့တံတားအစင်းပေါင်း ၄ဝဝ ကျော် ပြီးစီးအောင် တည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။ ဧရာဝတီတိုင်း ရွှေသောင်ယံမြို့မှာ အောက်တိုဘာ ၂၈ရက် မနက်က ကျင်းပတဲ့ ရွှေသောင်ယံ တံတားဖွင့်ပွဲမှာ ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ၂ဝ၃ဝ ပြည့်နှစ်မှာ နိုင်ငံအတွင်း ကျေးရွာအားလုံးရဲ့ ၈ဝ ရာခိုင်နှုန်း၊ ကျေးလက်နေ ပြည်သူအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ကျေးလက်လမ်းတွေကို ရာသီမရွေး အသုံးပြု နိုင်အောင် ဖောက်လုပ် ပြင်ဆင် အဆင့်မြှင့်တင်သွားမယ်လို့လည်းပြောပါတယ်။ လမ်းတံတားတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းတွေမှာ ပြည်သူ့ ဘဏ္ဍာငွေတွေ သုံးစွဲတဲ့နေရာမှာ  လေလွင့်မှုမရှိစေဖို့၊ စီမံကိန်းတွေို့ လက်သင့်ရာ လုပ်ငန်းအပ်နှံခြင်းမျိုး မရှိစေဖို့၊ သမ္မတရုံးက ထုတ်ပြန် ထားတဲ့ တင်ဒါစည်းမျဉ်းစည်းကမ်းတွေအတိုင်း တိတိကျကျ လိုက်နာကြဖို့လည်း သမ္မတက  သတိပေးပြောကြားပါတယ်။ ဒ့ါအပြင် လမ်းတံတား အဆောက်အဦတွေ အရည်အသွေးစိစစ်ထိန်းသိမ်းရေး Quality Control ကို မဖြစ်မနေ ဆောင်ရွက်ကြဖို့၊  ရေရှည်တည်တံ့နိုင်အောင် ပြည်သူတွေဘက်ကလည်း ကြည့်ရှုစောင့်ရှောက် ပေးကြဖို့နဲ့ ကြပ်မတ် ထိန်းသိမ်းပေးကြဖို့လည်း သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောသွားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024