၁၁ ဦးသေဆုံးခဲ့သည့် ရဟူဒီဘုရားကျောင်း သေနတ်ပစ်ခတ်မှု အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

ဓာတ်ပုံ - Reuters
ရဟူဒီဘုရားကျောင်း သေနတ်ပစ်ခတ်မှု အောက်မေ့ဖွယ် အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး လူ ၂,၅၀၀ လောက် တက်ရောက်ခဲ့ပါတယ်။ အဲဒီ သေနတ်ပစ်ခတ်မှုကြောင့် ဝတ်ပြုနေသူ ၁၁ ဦး သေဆုံးခဲ့ပြီး ဒီသတ်ဖြတ်မှုဟာ မြို့ရဲ့ အမှောင်မိုက်ဆုံးအချိန် ဖြစ်တယ်လို့ မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။ အောက်မေ့ဖွယ် အခမ်းအနားကို ပစ်ဘာ့ဂ်တက္ကသိုလ် စစ်သည်များခန်းမမှာ ပြုလုပ်ခဲ့ပြီး မိန့်ခွန်းပြောသူတွေဟာ ညီညွတ်မှု အကြောင်းအရာတွေကို ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့ ရဟူဒီ ဘုရားရှစ်ခိုးကျောင်းအတွင်း  အောက်တိုဘာ ၂၇ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် ဝတ်ပြုသူ အနည်းဆုံး ၁၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားဟာ AR-15 ပုံစံ ချေမှုန်းရေးရိုင်ဖယ်နဲ့ အနည်းဆုံး ပစ္စတိုသေနတ် ၃ လက်ကို ကိုယ်မှာချိတ်ပြီး နှုတ်ကလည်း ဂျူးဆန့်ကျင်ရေး စကားတွေ အော်ဟစ်ကာ ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ သေနတ်ပစ်ခတ်မှုအတွက် သံသယရှိသူ အသက် ၄၆ နှစ်အရွယ် ရောဘတ် ဘောင်ဝါကို မုန်းတီးမှုကြောင့်ဖြစ်တဲ့ ဖက်ဒရယ်ပြစ်မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။ တကယ်လို့ သူဟာ ပြစ်မှုထင်ရှားရင် သေဒဏ်ကျခံရနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up