ကက်သလစ်ကျောင်းတော်ကို ကာကွယ်ကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

2K
ကက်သလစ်ကျောင်းတော်ဟာ ဆက်တိုက်စွပ်စွဲချက်တွေနဲ့ နှိပ်ကွပ်ခံနေရပြီး အဲဒီအတွက် ဘုန်းတော်ကြီးတွေအနေနဲ့ ကျောင်းတော်ကို ကာကွယ်ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အောက်တိုဘာ ၂၇ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဗာတီကန်စီးတီးမှာ ပြုလုပ်တဲ့ ဘုန်းတော်ကြီးများ အစည်းအဝေးပိတ်ပွဲမှာ ပုပ်ရဟန်းမင်းကြီးက အဲဒီလို ပြောကြားလိုက်တာပါ။
ဘုန်းတော်ကြီး ဖရန်စစ်က “ကျောင်းတော်ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ ဆက်တိုက် စွပ်စွဲချက်တွေ ဖြစ်လာနေပါတယ်။ ကျောင်းတော်ရဲ့ သားတွေဖြစ်တဲ့ ကျွန်ုပ်တို့ဟာ အပြစ်သားတွေ ဖြစ်ပေမယ့် မိခင်ဖြစ်တဲ့ ကျောင်းတော်မှာ အပြစ်မရှိပါဘူး။ ဒါကြောင့် ဒီအချိန်ဟာ မိခင်ကျောင်းတော်ကို ကာကွယ်ရမယ့်အချိန် ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။