မနေ့ညကယှဉ်ပြိုင်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နာမည်ကြီး ချဲလ်ဆီးအသင်း အနိုင်ရပြီး အာဆင်နယ်က သရေကျသွားပါတယ်။
ချဲလ်ဆီးက အဝေးကွင်းမှာ ဘန်လေကို ၄ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာပါ။ ချဲလ်ဆီးအတွက်ဂိုးတွေကို မိုရာတာ၊ ဘာကလေ၊ ဝီလျံနဲ့ လော့ဖ်တပ်ချိတို့က သွင်းယူပါတယ်။
ချဲလ်ဆီးအသင်းဟာ ဘန်လေကို ခြေအသာနဲ့ကစားပြီး ဂိုးပြတ်နိုင်ခဲ့တာပါ။
အာဆင်နယ်ကတော့ အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ၂ ဂိုးစီ သရေကျသွားပါတယ်။
လန်ဒန်ဒါဘီပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အာဆင်နယ်အတွက် ဂိုးတွေကို ဇာခါနဲ့ အူဘာမီယန်း၊ ပဲလေ့စ်အတွက် ချေပဂိုး ၂ ဂိုးစလုံးကို မီလီဗိုဂျီဗစ်က ပယ်နယ်တီကနေ သွင်းယူပါတယ်။
အာဆင်နယ်ဟာ ပဲလေ့စ်ရဲ့ တောင်ပံတိုက်စစ်တွေကို မထိန်းနိုင်လို့ ပယ်နယ်တီတွေ ပေးခဲ့ရတာပါ။
လတ်တလော အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးက ၂၄ မှတ်နဲ့ အဆင့် ၂၊ အာဆင်နယ်က ၂၂ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။