Home
မြန်မာသတင်း
ယူပီဒီဂျေစီအစည်းအဝေး အပစ်ရပ် လက်မှတ်မထိုးထားသည့် ၅ ဖွဲ့ကို ဖိတ်ကြား
DVB
·
October 28, 2018
လာမယ့် နိုဝင်ဘာလဆန်း ရန်ကုန်မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (ယူပီဒီဂျေစီ) အစည်းအဝေးကို အပစ်ရပ်လက်မှတ်မထိုးထားတဲ့ အဖွဲ့ ၅ ခု တက်ရောက်ဖို့ ဖိတ်ကြားလိုက်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန အတွင်းရေးမှူးကိုယ်စား ဦးဇော်ဌေးက လက်မှတ်ရေးထိုးပြီး ဖိတ်ကြားထားတာပါ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစုအဖွဲ့ အတွင်းရေးမှူးတွေပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နဲ့ လုပ်ငန်းလမ်းညွှန်တွေ ပြန်လည်သုံးသပ်တဲ့ အလုပ်အဖွဲ့ အစည်းအဝေးကို လာမယ့် နိုဝင်ဘာ ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပမယ်လို့ ဆိုပါတယ်။ ဒီအစည်းအဝေးကို ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့/ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့က ကိုယ်စားလှယ် တယောက်စီ တက်ရောက်ဖို့ ဖိတ်ကြားလိုက်တာပါ။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၂ ခူးဒယ်နီယာယ်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဗဟိုကော်မတီက ဆွေးနွေးတုန်းဖြစ်ပြီး ပြန်ကြားချက်မရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024