Home
မြန်မာသတင်း
လွှတ်​​တော်​ကိုယ်​စားလှယ်​က ဖေ့စ်ဘွတ်ခ်အကောင်ပိုင်ရှင် ၂ ဦးကို အမှုဖွင့်
DVB
·
October 28, 2018
အန်အယ်လ်ဒီပါတီက နုတ်ထွက်ခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်က သူ့ကို ဖေ့စ်ဘွတ်ခ်မှာ ထိခိုက်နစ်နာအောင်ရေးခဲ့သူ နှစ်ယောက်ကို ဆက်သွယ်ရေးပုဒ်မနဲ့ အမှုဖွင့်လိုက်ပါတယ်။ မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၅ က ကိုယ်စားလှယ် ဦးတင်အောင်ထွန်းဟာ ပါတီက နုတ်ထွက်ပြီးတဲ့နောက် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ရဲ့ ပြောဆိုချက်တွေဟာ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်နစ်နာစေတာကြောင့် အောက်တိုဘာ ၂၃ ရက်က ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု ဥပဒေနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၅ နဲ့ ၂၆ ရက်တွေက Nan Da အမည်​နဲ့ ဖေ့စ်ဘွတ်ခ် အကောင့်ကနေ “ဗဟို အလုပ်​အမှုဆောင်​အဖွဲ့ဝင်​ ​ဒေါက်​တာမျိုးညွန့်ကို တရားစွဲသတဲ့၊ ပြုံးမိတယ်​” “တရားစွဲတဲ့ ၁ ပြားတန်​​---​ ဖတ်​ရန်​ မှတ်​ရန်​ နောင်​ဘဝထိသိရန်​” စသဖြင့် ရေးသားထားတယ်လို့ ဆိုပါတယ်။ Ko Myat Ko ဆိုတဲ့ အကောင့်ပိုင်ရှင်ကလည်း “ပြန်​ကိုက်​ပြီ​ဟေ့” လို့ မှတ်ချက် ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီအကောင့် ၂ ခုရဲ့ ပိုင်ရှင်တွေကို အရေးယူပေးဖို့ အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်းက မင်းဘူးမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းခဲ့တာကြောင့် ဆက်​သွယ်​​ရေး ဥပ​ဒေပုဒ်​မ ၆၆ (ဃ) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024