အမေရိကန် ဘုရားကျောင်းအတွင်း သေနတ်ပစ်ခတ်မှုဖြစ်၊ ၁၁ ဦးသေ

အမေရိကန်နိုင်ငံ ပင်ဆာဗေးနီးယားပြည်နယ် ပစ်ဘာ့ဂ်မြို့ ရဟူဒီ ဘုရားရှစ်ခိုးကျောင်းအတွင်း  အောက်တိုဘာလ ၂၇ ရက်နေ့က သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် အနည်းဆုံးဝတ်ပြုသူ ၁၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေနတ်သမားဟာ AR-15 ပုံစံ ချေမှုန်းရေး ရိုင်ဖယ်နဲ့အနည်းဆုံး ပစ္စတိုသေနတ် ၃ လက်ကို ကိုယ်မှာချိတ်ပြီး နှုတ်ကလည်း ဂျူးဆန့်ကျင်ရေး စကားတွေ အော်ဟစ်ကာ ဘုရားကျောင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ သေနတ်သမား ဝင်ရောက်ပစ်ချိန် ဘုရားကျောင်းအတွင်း ဝတ်ပြုသူတွေ စုဝေးနေကြ ပါတယ်။ အဲဒီနောက် ပစ်ခတ်မှုဖြစ်ရာနေရာကို ရဲတပ်ဖွဲ့နဲ့ အထူးတပ်ဖွဲ့ရောက်လာခဲ့ပြီး သေနတ်သမားနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့  ဒဏ်ရာတွေနဲ့ သေနတ်သမားဟာ လက်နက်ချခဲ့ပါတယ်။  အဆိုပါ သေနတ်သမားဟာ ရောဘတ်ဒီဘောင်ဝါ ဆိုသူ လူဖြူတစ်ဦးဖြစ်ပြီး သူ့ကို ပြစ်မှု ၂၉ မှုနဲ့ စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုဟာ အမေရိကန်နိုင်ငံအတွင်း ဂျူးအသိုက်အဝန်း ပေါ်ကျူးလွန်တဲ့ အသေအပျောက်အများဆုံး တိုက်ခိုက်မှုတွေထဲက တခုဖြစ်တယ်လို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up