A d v e r t i s e m e n t With Us

ရွှေ့ပြောင်းလာသည့် လူအုပ်ကြီးကို မက္ကဆီကို ရဲတပ်ဖွဲ့ တားဆီး

Members of a US-bound migrant caravan stand on a road after federal police briefly blocked their way outside the town of Arriaga, Saturday, Oct. 27, 2018. Hundreds of Mexican federal officers carrying plastic shields had blocked the caravan from advancing toward the United States, after several thousand of the migrants turned down the chance to apply for refugee status and obtain a Mexican offer of benefits. (AP Photo/Rodrigo Abd)
အောက်တိုဘာ ၂၇ ရက်နေ့က မက္ကဆီကို ရဲတပ်ဖွဲ့ဝင်တွေဟာ ဗဟိုအမေရိက ပြောင်းရွှေ့လာသူ အများစုပါဝင်တဲ့ လူအုပ်ကြီးကို လမ်းပိတ်ဆို့ တားဆီးခဲ့ပါတယ်။ မက္ကဆီကန် တောင်ပိုင်း ချီယာပါပြည်နယ် အဝေးပြေးလမ်းမပေါ်မှာ  ရဲတပ်ဖွဲ့က လူအုပ်ကြီးကို လမ်းပိတ်ဆို့ပြီး မြောက်ပိုင်းကို ဆက်လက် ခရီးမဆက်နိုင်အောင် တားဆီးခဲ့ပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းလာသူ တဦးကလည်း မက္ကဆီကန် ရဲတပ်ဖွဲ့ဟာ သူတို့ကို ဖြတ်သန်းခွင့် မပြုဘူးလို့ ပြောခဲ့ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့က မက္ကဆီကန် အာဏာပိုင်တွေဟာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံတဲ့ ပြောင်းရွှေ့လာသူတွေကို ယာယီအထောက်အထား စာရွက်စာတမ်းတွေနဲ့ အလုပ်အကိုင်တွေ ပေးအပ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံဆီ သွားရောက်မယ့် ကြိုးပမ်းမှုကို ရပ်တန့်ဖို့ တိုးမြှင့်ကြိုးပမ်းတာပဲ ဖြစ်ပါတယ်။ အဆိုပါ ပြောင်းရွှေ့လာသူ လူအုပ်ကြီးဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်က ဟွန်ဒူးရပ်စ်နိုင်ငံကနေ စတင်ထွက်ခွာခဲ့ပြီး လမ်းခရီးမှာ တခြားဗဟိုအမေရိက နိုင်ငံတွေက ပြောင်းရွှေ့ လာသူတွေပါ  ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up