A d v e r t i s e m e n t With Us

ရော်နယ်ဒို၏ သွင်းဂိုးများဖြင့် ဂျူဗင်တပ်က အမ်ပိုလီကို အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂျုဗင်တပ်က တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ အမ်ပိုလီကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင် အမ်ပိုလီအတွက် ဦးဆောင်ဂိုးကို ၂၈ မိနစ်မှာ ကာပူတိုက သွင်းယူပါတယ်။ ဂျုဗင်တပ်အတွက် ချေပဂိုးကိုတော့ ၅၄ မိနစ်မှာ ရော်နယ်ဒိုက ပင်နယ်တီကနေ သွင်းယူပါတယ်။ အနိုင်ဂိုးကိုလည်း ရော်နယ်ဒိုကပဲ မိနစ် ၇၀ မှာ သွင်းယူပါတယ်။ ရော်နယ်ဒိုဟာ ဂျုဗင်တပ်အတွက် ကစားပေးတဲ့ ၁၂ ပွဲမှာ ၇ ဂိုး သွင်းထားပါတယ်။ ဒီပွဲနိုင်တဲ့ ဂျုဗင်တပ်က ၂၈ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အမ်ပိုလီအသင်းကတော့ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။ အမ်ပိုလီအသင်းဟာ ဒီနှစ်ရာသီမှာ စီးရီးအေကို တန်းတက်လာတာပါ။

A d v e r t i s e m e n t With Us

More News
Up