A d v e r t i s e m e n t With Us

ဘိုင်ယန်က မိန်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က အဝေးကွင်းမှာ မိန်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို လီယွန် ဂရက်စကာက ၃၉ မိနစ်မှာ သွင်းယူပါတယ်။ ဘိုင်ယန်ဟာ ဒီနှစ်ရာသီ အစပိုင်းမှာ ရုန်းကန်နေရပါတယ်။ အိမ်ရှင် မိန်းအတွက် ချေပဂိုးကို ၄၇ မိနစ်မှာ ပိတ်ယူပါတယ်။ ဘိုင်ယန်အတွက် ဒုတိယဂိုးကို သီယာဂိုက ၆၂ မိနစ်မှာ သွင်းယူပါတယ်။ ဘိုင်ယန်က ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်တွေ ပိုရခဲ့ပါတယ်။ ဂိုးသွင်း မသေချာလို့ ဂိုးပြတ်နဲ့ မနိုင်တာပါ။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်မြူးနစ်က ၁၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေပြီး ဇယားထိပ်က ဒေါ့မန်နဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up