လက်စတာပိုင်ရှင် ထိုင်းဘီလျံနာသူဌေး၏ ရဟတ်ယာဉ် ပျက်ကျမီးလောင် (ရုပ်သံ)

2.3K
ပရီးမီးယားလိဂ်ကလပ် လက်စတာ ဘောလုံးအသင်းပိုင်ရှင် ထိုင်းလူမျိုး ၀ီချိုင်း စီဝပ်ဒါနာပရာခါရဲ့ ရဟတ်ယာဉ်ဟာ အတက်မှာပျက်ကျပြီး မီးလောင်သွားခဲ့ပါတယ်။
လက်စတာ ပိုင်ရှင်ရဲ့ ရဟတ်ယာဉ်ဟာ ဘောလုံးကွင်းအပြင်မှာ ပျံတက်တုန်း ထိန်းမရဘဲ ပျက်ကျ မီးလောင်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
လက်စတာရဲ့ ဂိုးသမား ရှမိုက်ကယ်ဟာ ရဟတ်ယာဉ် မီးလောင်တဲ့ နေရာကို ပြေးသွားတာ တွေ့ခဲ့တယ်လို့ မျက်မြင်တယောက်က ဆိုပါတယ်။
ရဟတ်ယာဉ်ပေါ်မှာ ပိုင်ရှင် ထိုင်းဘီလျှံနာ မစ္စတာ ၀ီချိုင်း စီဝပ်ဒါနာပရာခါ ပါ မပါကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရဟတ်ယာဉ်ဟာ လက်စတာနဲ့ ၀က်စ်ဟမ်းတို့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ၁ နာရီလောက် ဖြစ်ခဲ့တာပါ။
ထိုင်းဘီလျံနာ ၀ီချိုင်း စီဝပ်ဒါနာပရာခါဟာ ထိုင်းလေဆိပ်တွေမှာ အကောက်ခွန်လွတ်ဆိုင်တွေကို ပိုင်ဆိုင်ထားပြီး လက်စတာအသင်းကို ၂၀၁၀ မှာ ၀ယ်ယူခဲ့ပါတယ်။
အသင်းအတွက် ဒေါ်လာသန်း ၁၀၀ ကျော် သုံးစွဲခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၆ မှာ ရယူနိုင်ခဲ့ပါတယ်။