Home
မြန်မာသတင်း
ဧရာဝတီတိုင်း၏ ပြုပြင်ပြောင်းလဲမှုကို အားမရကြောင်း သမ္မတပြော (ရုပ်သံ)
DVB
·
October 28, 2018
ဧရာဝတီတိုင်းအနေနဲ့ တခြားတိုင်းတွေနဲ့ယှဉ်ရင် တိုးတက်မှုနှုန်းနည်းနေတဲ့အတွက် အားရကျေနပ်မှုမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပုသိမ်မြို့မှာ ကျင်းပတဲ့ မဏ္ဍိုင် ၃ ရပ်တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌဖြစ်စဉ်အခါ လာရောက်စဉ်က တွေ့မြင်ရတဲ့အခြေအနေကြောင့် အတော်လေး စိတ်ဆင်းရဲ ခံပြင်းခဲ့ရပြီး အခုအခါမှာတော့ လမ်းနဲ့ လျှပ်စစ်မီး အနည်းငယ်ပြောင်းလဲလာတာတွေ့ရတာကြောင့် ဖြေသိမ့်လို့ရပေမယ့် အားရကျေနပ်မှုမရှိသေးကြောင်း ပြောပါတယ်။ လက်ရှိအချိန်အထိ ပြုပြင်ပြောင်းလဲဖို့ အချိန်မီသေးပြီး ကြိုးစားလုပ်ဆောင်ဖို့နဲ့ လိုအပ်တာတွေကို ပြည်ထောင်စုအစိုးရအနေနဲ့ အကူအညီပေးသွားမယ်လို့လည်း သမ္မတက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024