A d v e r t i s e m e n t With Us

တနိုင်းတွင် ဂျပန်ခေတ် လက်ကျန်ဗုံးသီး ၄ လုံး တွေ့ရှိ

ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ဂျပန်ခေတ် လက်ကျန်ဗုံးသီး ၄ လုံး တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာနေ ဦးလှထူး (၃၈) နှစ်ဟာ ကျေးရွာအနီးရှိ စိုက်ခင်းမှာ စိုက်ပျိုးရန်အတွက် မြေတူးဆွရာမှ ဗုံးသီးတွေ တွေ့ရှိခဲ့တာပါ။ အလျား ၉ လက်မခွဲ၊ လုံးပတ် ၈ လက်မ၊ ဒလက် ၈ ခုပါ ဂျပန်ခေတ် လက်ကျန်ဗုံးသီး ၄ လုံးကို တနိုင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေထံ လာရောက် အပ်နှံခဲ့တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up