Home
မြန်မာသတင်း
ဘူးသီးတောင်ရှိ ဘုန်းကြီးကျောင်းများ အသစ်ပြန်ဆောက်ရန် ငွေကြေးထောက်ပံ့
DVB
·
October 27, 2018
ရခိုင်ပြည်နယ် ဘူသီး​တောင်​မြို့နယ်​ရှိ ပျက်​စီး​နေ​တဲ့ ဘုန်း​တော်​ကြီး​ကျောင်းတွေ ရေရှည်တည်တံ့စေရေးအတွက် အသစ်ပြန် တည်ဆောက်နိုင်ဖို့ ​နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က အောက်တိုဘာ ၂၆ ရက်နေ့က ​​ငွေ​​ကြေး​ထောက်​ပံ့လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ​    နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့မှ လှူဒါန်းလိုက်​တဲ့ ​အလှူ​ငွေတွေကို ဘူသီ​တောင်​မြို့နယ်​အတွင်းရှိ ​သပိတ်​​တော်​​ကျေးရွာ ဘုန်း​​တော်​ကြီး​ကျောင်းနဲ့ နန္စားတူ​ကျော်​ရံ​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်းတွေကို သွား​ရောက်​လှူဒါန်း​ပေးခဲ့ပြီး ကျန်​​ကျေးရွာများရှိ ဘုန်း​တော်​ကြီး​ကျောင်းတွေကို အောက်တိုဘာ ၂၇ မှာ ဆက်​လက်​သွား​ရောက်​လှူဒါန်းသွားမယ်လို့ ဘူသီး​တောင်​မြို့နယ်​ အမျိုးသားဒီ​မိုကရေစီပါတီ (NLD) ဥက္ကဋ္ဌ ဦးရဲသိန်းက​ပြောပါတယ်​။ “ကျနော်​ ဒီ​နေ့ ​ကျေးရွာနှစ်​ရွာရှိ ဘုန်း​တော်​ကြီး​ကျောင်းများကို သွား​ရောက်​လှူ ဒါန်းနိုင်​ခဲ့ပါတယ်။ ကျန်​​ကျေးရွာများရှိ ဘုန်း​တော်​ကြီး​ကျောင်းများကို ဆက်​လက်​လှူဒါန်းသွားမှာပါ။ ဒီလိုလှူဒါန်းရတာက​တော ကျနော်တို့ ဘူးသီး​တောင်​မြို့နယ်​အတွင်းမှာရှိတဲ့ ပျက်​စီး​နေ​သော ဘုန်း​တော်​ကြီး​ကျောင်းများ ရေရှည်​တည်​တံခိုင်​မြဲဖို့နဲ့ အသစ်​ပြန်​လည်​တည်​​ဆောင်​နိုင်​​ရေးအတွက်​ ​နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က လှူဒါန်းလိုက်​တဲ့ငွေတွေကို သွား​ရောက်​လှူဒါန်းတာ ဖြစ်​ပါတယ်​” လို့ ​ပြောပါတယ်​။ နိုင်​ငံ​တော်​အစိုးရနဲ့ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့က လှူဒါန်းလိုက်​တဲ့ ​​ဘူသီး​တောင်​မြို့နယ်​ထဲက ဘုန်း​တော်​ကြီး​ကျောင်​တွေကတော့ သပိတ်​​တော်​​ကျေးရွာ ဘုန်းတော်​ကြီး​ကျောင်းကို သိန်း(၃ဝဝ) နန္စားတူ​ ကျောက်​ရံ​​ကျေးရွာ ဘုန်​​တော်​ကြီး​ကျောင်းကို သိန်း(၂ဝဝ)၊ ကွမ်း​တောင်​​ကျေးရွာ ဘုန်း​​တော်​ကြီး​ကျောင်းကို သိန်း(၂ဝဝ)၊ အင်​ကြားမြိုင်​​ကျေးရွာ ဘုန်း​​တော်ကြီး​ကျောင်းကို သိန်​(၂ဝဝ) နဲ့ ဇီးဒုံ​ကျေးရွာ ရှိဘုန်း​တော်​ကြီး​ကျောင်းကို သိန်း(၁၈ဝ) တို့ကို အသီးသီးလှူဒါန်းသွားမှာ ဖြစ်​တယ်​လို့ သိရပါတယ်။ ဗညား
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024