A d v e r t i s e m e n t With Us

အမေရိကန်က ထင်ရှားသည့် ပုဂ္ဂိုလ်များထံ ပါဆယ်ဗုံးပို့သူကို ဖမ်းမိ

A law enforcement officer checks a van which was seized during an investigation into a series of parcel bombs, in Plantation, Florida October 26, 2018 in a still image fro video. WPLG/Handout via REUTERS
ထင်ရှားတဲ့ အမေရိကန် ဒီမိုကရက်တွေနဲ့ တခြားသူတွေဆီ ပါဆယ်ဗုံး ပေးပို့မှုနဲ့ သံသယရှိသူ ဆီဇာ ဆေယော့ကို ဖမ်းဆီးခဲ့ပြီး ပြစ်မှု ၅ မှုနဲ့ စွဲချက်တင်လိုက်တယ်လို့ အမေရိကန် ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်က အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အသက် ၅၆ နှစ်အရွယ် ဆီဇာဆေယော့ကို ဖလော်ရီဒါပြည်နယ် ဖို့လောင်ဒါဒေးမြို့မှာ ဖမ်းဆီးရမိခဲ့တာပါ။ ဒီလို နိုင်ငံရေး အကြမ်းဖက်မှု  ဥပဒေမဲ့လုပ်ရပ်မျိုးကို သည်းခံမှာ မဟုတ်ဘူးလို့  သတင်းစာရှင်းလင်းပွဲမှာ ရှေ့နေချုပ် ဆက်ရှင်က ပြောပါတယ်။ ဆေယော့ဟာ တကယ်လို့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅၈ နှစ်အထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။ ဆေယော့ဟာ ရီပတ်ဘလီကန်တဦးအဖြစ် မှတ်ပုံတင်ထားပြီး ဗုံးလှန့်မှု တခုအပါအ၀င် အကြိမ်ဖန်များစွာ ဖမ်းဆီးခံရဖူးသူပါ။ အက်ဖ်ဘီအိုင် ညွှန်မှူး ခရစ္စတိုဖာ ရေးကတော့ အဲဒီပါဆယ်ဗုံးတွေဟာ ခြောက်လှန့်တဲ့ ဗုံးတွေ မဟုတ်ကြောင်းနဲ့ အောက်လွှတ်တော်အမတ် မက်ဇင်း ၀ါးတားစ်ဆီပို့တဲ့ ပါဆယ်ထုပ်က လက်ဗွေရာတွေကို  ဆေးယော့ရဲ့ လက်ဗွေရာတွေအဖြစ် အတည်ပြုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထရမ့်ကို ထောက်ခံတဲ့ စတစ်ကာတွေနဲ့အတူ ‘CNN ဆိုးတယ်’ ဆိုတဲ့ ပိုစတာစာသား၊ မင်နီနဲ့ ၀ိုင်းထားတဲ့ အထင်ကရ ဒီမိုကရက်တွေရဲ့ ဓာတ်ပုံတချို့ကိုလည်း  သိမ်းဆည်းရမိတဲ့ ဆေယော့ရဲ့ ဗင်ကားအဖြူမှာ ကပ်ထားတယ်လို့ ဆိုပါတယ်။ ဒီလို စာတိုက်ကတဆင့် ပါဆယ်ဗုံးတွေ ပေးပို့တာဟာ သက်တမ်းဝက် ရွေးကောက်ပွဲ မကျင်းပမီ နှစ်ပတ်အတွင်း ဖြစ်ခဲ့တာပါ။ ဒီအတွက် အဲဒီလုပ်ရပ်ဟာ နိုင်ငံရေးအာဏာ ဟန်ချက်ကို ပြောင်းလဲစေနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up