Home
မြန်မာသတင်း
နိုဝင်ဘာ ၁ ရက်နေ့ မဖြုတ်သိမ်းသည့် မဲဆွယ်ပိုစတာများ စည်ပင်နှင့်ညှိနှိုင်းဖြုတ်သိမ်းမည်
DVB
·
October 27, 2018
နိုဝင်ဘာ ၁ ရက်နေ့ ညသန်းခေါင်အထိ မဖြုတ်သိမ်းတဲ့ မဲဆွယ်ပိုစတာတွေကို စည်ပင်ကော်မတီတွေနဲ့ ညှိနှိုင်းဖြုတ်သိမ်းမှာဖြစ်ပြီး စရိတ်ကိုတော့ ကိုယ်စားလှယ်လောင်းက ပြန်ပေးရမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ လာမယ့် နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလကို စက်တင်ဘာ ၂ ရက်ကနေ ရက်ပေါင်း ၆၀ ခွင့်ပြုပေးထားတာပါ။ ဒါကြောင့် ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးတာ၊ စုဝေးဟောပြောတာတွေကို နိုဝင်ဘာ ၁ ရက် ည ၁၂ နာရီမှာ ရပ်နားရမှာ ဖြစ်ပါတယ်။ ကြော်ငြာ ပိုစတာတွေကိုလည်း နိုဝင်ဘာ ၁ ရက်နေ့ ည ၁၂ နာရီ နောက်ဆုံးထားဖြုတ်သိမ်းရမှာ ဖြစ်ပြီး အဲဒီအချိန်ထိ မဖြုတ်သေးတာတွေကိုတော့ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီတွေနဲ့ ညှိနှိုင်းဖြုတ်သိမ်းစေမှာ ဖြစ်တယ်လို့ ကော်မရှင်က ထပ်ပြီး အသိပေးလိုက်တာပါ။ ဒီလို ဖြုတ်သိမ်းရတဲ့ စရိတ်ကို သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေက ပြန်လည်ပေးချေဖို့ တာဝန်ရှိတယ်လို့လည်း ကြေညာပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယအကြိမ် ကျင်းပတဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲကို လစ်လပ်မဲ ဆန္ဒနေရာ ၁၃ ခုအတွက် ကိုယ်စားလှယ်လောင်း ၆၉ ယောက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024