Home
မြန်မာသတင်း
မင်းဘူးမဲဆန္ဒရှင်​များ ကြားဖြတ်​​ရွေး​ကောက်​ပွဲ စိတ်​ဝင်​စားမှု အားနည်း​နေ
DVB
·
October 27, 2018
ကြားဖြတ်​​ရွေး​ကောက်​ပွဲနဲ့ပတ်​သက်​လို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်​က မဲဆန္ဒရှင်​ပြည်​သူ​တွေ စိတ်​ဝင်​စားမှု အားနည်း​နေတယ်​လို့ မင်းဘူးခရိုင်​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​ ဥက္ကဋ္ဌက ​ပြော​ပါတယ်။ မင်းဘူးခရိုင်​ ​ရွေး​ကောက်​ပွဲကော်​မရှင်​ ဥက္ကဋ္ဌ ဦးမြင့်ကျော်​က "မဲစာရင်း နှစ်​ခါ​ကြေညာတာ လာကြည့်တဲ့ မဲဆန္ဒရှင်​ ၂၀ ​ရာခိုင်​နှုန်းသာရှိပြီး စိတ်​ဝင်​စားမှု ​တော်​​တော်​အားနည်းပါတယ်​။ ​ကော်​မရှင်​အဖွဲ့ဝင်​၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်​​တွေကို ​ရွေး​ကောက်​ပွဲနဲ့ ပတ်​သက်​တဲ့ သင်​တန်း​တွေ ​ပေးထားပါတယ်​။ လစ်​လပ်​​နေတဲ့ မင်းဘူးမဲဆန္ဒနယ်​ အမှတ် ​၂ တိုင်း​ဒေသကြီးလွှတ်​​တော်​ ကိုယ်စားလှယ်​​နေရာအတွက်​ ကိုယ်​စားလှယ်​​လောင်း ၅ ဦး ဝင်​​ရောက်​ယှဉ်​ပြိုင်​မှာပါ။ မင်းဘူးမြို့ ရှမ်းစုရပ်​ကွက်​နေ မဲဆန္ဒရှင်​ ​ဒေါ်ခင်​လပြည့်ဝင်းက "စီးပွား​ရေး အဆင်​မ​ပြေကြတာရယ်​၊ အရမ်း​မျှော်​လင့်ထားတဲ့ပါတီက ရပ်​ကွက်​လမ်း​သေး​သေး​လေး တ​လမ်း​တောင် ​လုပ်​မ​ပေး​တော့ စိတ်​ဝင်​စားမှုက​တော့ ၁၀ ခိုင်​နှုန်း​လောက်​ပဲ ရှိပါတယ်​။ ​ကော်​မရှင်​က မဲစာရင်း ​ကြေညာ​ပေးထား​ပေမယ့် သွား​ရောက်​ ကြည့်ရှုသူ အလွန်​နည်းပါးပါတယ်​။ ခရိုင်​မြို့က ရပ်​ကွက်​တ​ခုဖြစ်​​ပေမယ့် ရှမ်းစုရပ်​ကွက်​မှာ မြို့ပြလမ်း တ​လမ်းမှ မရရှိခဲ့ပါဘူး။ ပြည်​သူက​တော့ ဘယ်​သူတက်​တက်​ ​အားကိုးတကြီး ​ရွေးချယ်​တင်​​မြှောက်​​ပေးတာဖြစ်​ပြီး အားမကိုးရရင်​လည်း ပြန်​ပြီး ဒုက္ခမ​ပေးရင်​ ​ကျေနပ်​ပါပြီ" လို့ ပြောပါတယ်။ နိုဝင်​ဘာလ ၃ ရက်​​နေ့မှာ မင်းဘူး (စကု) မြို့နယ်​ရှိ မဲဆန္ဒရှင်​ပြည်​သူ ၆၈၄၁၄ ဦးက​နေ မဲရုံ​ပေါင်း ၉၆ ရုံမှာ လစ်​လပ်​​နေတဲ့ တိုင်​​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​ မဲန္ဒနယ်​ အမှတ်​ ၂ ​နေရာအတွက်​ မဲ​ပေး​ရွေးချယ်​ကြမှာပါ။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024