A d v e r t i s e m e n t With Us

စပိန်အာဏာရှင်ဟောင်း ရုပ်အလောင်း ဘုရားကျောင်းအတွင်း မြှုပ်နှံမည့်အပေါ် ဆန္ဒပြ

စပိန်အာဏာရှင်ဟောင်း ဖရန်သီစကိုဖရန်ကိုရဲ့ ရုပ်အလောင်းကို အယ်မွန်ဒေနာ ဘုရားကျောင်းအတွင်း မြှုပ်နှံမယ့်အစီအစဉ်ကို အောက်တိုဘာ ၂၅ ရက်နေ့က ထောင်နဲ့ချီတဲ့ စပိန်ပြည်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။ “ဖရန်ကိုရဲ့ မိသားစုက ရုပ်အလောင်းကို ဘုရားကျောင်းအောက်မှာ မြှုပ်နှံချင်နေကြတယ်။ ဒါက တုန်လှုပ်ချောက်ချားစရာပါပဲ။ ဒါဟာ စိန့်ပီတာဘုရားကျောင်းမှာ မူဆိုလီနီ ရုပ်အလောင်းကို မြှုပ်နှံသလိုပဲ။ ဖရန်ကိုရဲ့ ရုပ်အလောင်းကို ဘုရားကျောင်းမှာ မြှုပ်နှံတာဟာ အကျည်းတန်ပါတယ်” လို့ စပိန်စာရေးဆရာနဲ့ ပညာရှင်တဦးဖြစ်သူ အီယန်ဂစ်ဘ်ဆွန်က ပြောပါတယ်။ “ဖရန်ကိုရဲ့ ရုပ်အလောင်းကို မြို့ပြင်က သင်္ချိုင်းထဲမှာ သူ့မိသားစုဝင်တွေနဲ့အတူ မြှုပ်နှံသင့်ပါတယ်။ အယ်မွန်ဒေနာ ဘုရားကျောင်းလို အထင်ကရနေရာမှာတော့ မမြှုပ်နှံသင့်ပါဘူး။ မဟုတ်လည်း ကျဆုံးစစ်သည် တောင်ကြားမှာ မြှုပ်သင့်ပါတယ်” လို့လည်း ဆန္ဒပြသူ စီစီလီယာ မာဇန်နာရက်စ်က ပြောပါတယ်။ အာဏာရှင် ဖရန်ကို အုပ်စိုးခဲ့တဲ့ အနှစ် ၄၀ နီးပါးကာလမှာ သူ့အား ဆန့်ကျင်သူတွေ သောင်းနဲ့ချီပြီး အသတ်ခံရ၊ အကျဥ်းချခံခဲ့ရပါတယ်။ ဒီအတွက် သူတို့ရဲ့ မိသားစုဝင်တွေက အခုလို ဆန့်ကျင်ဆန္ဒပြတာ ဖြစ်ပါတယ်။ “ကျေနာ့်သဘောကို ပြောရင်တော့ တခြား စပိန်ပြည်သူတွေလိုပဲ ဖရန်ကို့ကို မြောင်းထဲပစ်ချချင်တယ်။ ဘုရားကျောင်းထဲမှာတော့ မမြှုပ်ချင်ဘူး” လို့ ဖရန်ကို အာဏာရနေစဉ်ကာလက ထောင်ကျခဲ့သူ ဂေါ်ဂေါနီယို ဖရယ်ရိုက ပြောပါတယ်။ ဝန်ကြီးချုပ် ပီဒရိုဆန်းချက်ရဲ့ အစိုးရကတော့ ဖရန်ကိုရဲ့အလောင်းကို ပြန်ဖော်တာဟာ နိုင်ငံအပေါ် အရိပ်မည်း ကျရောက်နေဆဲဖြစ်တဲ့ သူအုပ်ချုပ်စဉ်ကာလက မကျေချမ်းမှုတွေကို  ဖြေဖျောက်စေလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up