ယာဉ်တိုက်မှု မဖြစ်စေရန် ဗော်လ်ဗို၏ အလိုအလျှောက် အရေးပေါ် ဘရိတ်စနစ် (ရုပ်သံ)

6.8K
ဗော်လ်ဗို (Volvo) ရဲ့ ဘေးကင်းလုံခြုံရေး စနစ်တခုဖြစ်တဲ့ ယာဉ်တိုက်မှု သတိပေးစနစ်နဲ့ အရေးပေါ်ဘရိတ်စနစ်ဟာ ကားတစီးကို လုံးဝရပ်သွားစေနိုင်ကြောင်း စမ်းသပ်ချက်တခုဖြစ်ပြီး ကင်မရာစနစ်နဲ့ ရေဒါအာရုံခံ နည်းပညာကို တွဲဖက် အသုံးပြုထားပါတယ်။
ယာဉ်တိုက်မှုဖြစ်စေတဲ့ မမျှော်လင့်တဲ့ အခြေအနေမျိုးမှာ ကားတစီးဟာ ဘယ်လိုတုံ့ပြန်နိုင်သလဲ ဆိုတာကို စမ်းသပ်ထားသလို ပိုပြီးစိန်ခေါ်နိုင်အောင် လမ်းအကွေ့တွေမှာ စမ်းသပ်ထားပါတယ်။
မောင်းနေတဲ့ကားရှေ့မှာ တိုက်မိစရာ ယာဉ်တခုခု ရှိနေတယ်ဆိုရင် ကားမောင်းသူကို အလိုအလျောက် သတိပေးထားပြီး အရေးပေါ်ဘရိတ်စနစ်ကို အဆင်သင့်ပြင်ထားပါတယ်။ ရှေ့ကသွားနေတဲ့ကားရဲ့ GPS အနေအထားအကြောင်း စဉ်ဆက်မပြတ် တိုင်းတာပြီး ကားမောင်းသူကို ပြောပြနေပါတယ်။ ၇ လက်မရှိတဲ့ Touch Screen မှာ တို့ထိနိုင်တဲ့အပြင် အသံနဲ့လည်း အမိန့်ပေးနိုင်သလို စတီရီယာရင်မှာရှိနေတဲ့ ခလုပ်နဲ့လည်း ထိန်းချုပ်နိုင်ပါတယ်။
ရေဒါနဲ့ ကားနောက်မြီးပလိတ်ပြားကို အာရုံခံနေတဲ့ ကင်မရာဟာ ရှေ့ကကားကို စဉ်ဆက်မပြတ် စောင့်ကြည့်နေပါတယ်။ လမ်းအကွေ့မှာလည်း မလွတ်အောင် ကြည့်ပါတယ်။ မှန်မျက်နှာပြင်မှာ ရှေ့မှာသွားနေတဲ့ကားအကြောင်း သတင်းအချက်အလက်တွေ တင်ပြနေပြီး သိပ်နီးကပ်လာတဲ့အခါ သတိပေးပါတယ်။
မမျှော်လင့်တဲ့ အခြေအနေမျိုး ဖြစ်လာခဲ့ရင်တော့ အလိုအလျောက်စနစ်က စလှုပ်ရှားပါတယ်။ ကားကို လုံးဝ ရပ်စေပါတယ်။ ကားရပ်ပြီးတော့လည်း ယာဉ်မောင်း ဘာလုပ်မလဲဆိုတာကို စနစ်က စောင့်ကြည့်ပါတယ်။ ကားမောင်းသူက ဘာမှမလုပ်ရင်တော့ အလိုလျောက်ပဲ parking gear ပြောင်းပေးပါတယ်။