Home
မြန်မာသတင်း
မောင်​​တော ကြိမ်ချောင်းနယ်မြေစခန်းတွင်​ ရဲတပ်​သားအချင်​ချင်း ပစ်​ခတ်​မူဖြစ်​၊ ၁​ ဦး​သေဆုံး
DVB
·
October 26, 2018
မောင်တောမြို့နယ်၊ ကြိမ်​​ချောင်းနယ်​​မြေစခန်းမှာ ကင်းတာဝန်​ကျ ရဲတပ်သားနှစ်ဦး အချင်းချင်း ခိုက်ရန်ဖြစ်ရာက ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ရဲတပ်​သားထိန်​လင်း​အောင်​က သူ့ကင်းတာဝန်​ပြီးဆုံးလို့ ​နောက်​ကင်း တာဝန်​ကျသူ ရဲတပ်​သား ခင်​​မောင်​နုနဲ့ လဲလှယ်​ရာကနေ​ တယောက်နဲ့တယောက် စကားများရန်ဖြစ်ပြီး ရဲတပ်​သား ခင်​​မောင်​နုကိုင်​​ဆောင်​ထား​တဲ့ BA-63 ​မောင်းပြန်​ရိုင်​ဖယ်​ ကျည်​​ပေါက်​ထွက်​မှုဖြစ်​ပွားခဲ့ပြီး ရဲတပ်​သား ထိန်​လင်း​အောင်​ရဲ့ ခြေထောက်ကို ထိမှန်​ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်​ရာရခဲ့တဲ့ ရဲတပ်သား ထိန်လင်းအောင်ကို ​မောင်​​တော​ဆေးရုံ ပို့​ဆောင်​ ဆေးကုသမူခံယူခဲ့ပေမယ့် ​သေဆုံးသွားခဲ့​တယ်လို့ ကြိမ်​​ချောင်​နယ်​​မြေစခန်း တာဝန်​ရှိသူတဦးက ပြောပါတယ်။ ဆေးရုံတာဝန်ရှိသူတဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ သွေးထွက်လွန်ပြီး သေဆုံးတာလို့ ဆိုပါတယ်။ ရဲတပ်​သား ခင်​​မောင်​နုကို ရဲလုပ်​ငန်းများနဲ့အညီ စီမံ​ဆောင်​ရွက်​ပြီး တရားဥပ​ဒေနဲ့အညီ အ​ရေးယူ​ဆောင်​ရွက်​မှာဖြစ်​​ကြောင်း သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024