ကီနူးဆပ်ဘာကို အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု ဖိုးသော်ပြော

1.6K
ဝမ်းချန်ပီယံရှစ် ဖယ်သာဝိတ်တန်းမှာ မလေးရှားနိုင်ငံသား ကီနူးဆပ်ဘာနဲ့ ဒီနေ့ညနေ ထိုးသတ်မယ့်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ဖိုးသော်က ပြောကြားလိုက်ပါတယ်။
အခုပွဲရဲ့ ပွဲပြီးအဖြေကို စိတ်မဝင်စားဘဲ သူ့အနေနဲ့ ပြိုင်ဘက်ကို အကောင်းဆုံးယှဉ်ပြိုင်ပြီး ဘယ်လောက်ထိ အကောင်းဆုံး စွမ်းဆောင်နိုင်သလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်လို့ ပြောပါတယ်။
ဖိုးသော်ဟာ ဝမ်းချန်ပီယံရှစ်မှာ ၆ ပွဲလုံး ရှုံးပွဲမရှိသေးဘဲ ပွဲအတော်များများကို ပထမချီမှာပဲ အလဲထိုးထားသူ ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ ဖိုးသော်ရဲ့ နိုင်ငံခြားသားပြိုင်ဘက်နဲ့ ထိုးသတ်မယ့် ဒုတိယမြောက်ပွဲစဉ်လည်း ဖြစ်ပါတယ်။
ပြိုင်ဘက် ကီနူးဆပ်ဘာကလည်း ၆ ပွဲနိုင် ၃ ပွဲရှုံးရလဒ် ရှိထားပြီး အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမား ဖြစ်ပါတယ်။
ဖိုးသော်နဲ့ ကီနူးဆပ်ဘာ ပွဲစဉ်ကတော့ အောင်လအန်ဆန်ရဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲ မတိုင်ခင် ထိုးသတ်မှာလည်း ဖြစ်ပါတယ်။