ဝေလမင်းသား ချားလ်စ်၏ ၇၀ ပြည့်နှစ် မွေးနေ့ ကျင်းပ

ဓာတ်ပုံ - Reuters
ဗြိတိန်တော်ဝင် ဝေလမင်းသား ချားလ်စ်ရဲ့ သက်တော် ၇၀ ပြည့် မွေးနေ့အထိမ်းအမှတ် ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၅ ရက်နေ့က ဘက်ကင်ဟမ်နန်းတော်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲကို ဝေလမင်းသား ချားလ်စ်၊ ကြင်ယာတော် ကမ်မီလာတို့နဲ့အတူ နာမည်ကြီး အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ အဲဒီနောက် ပြဇာတ်အနုပညာတင်ဆက်ပွဲမှာ စတက်ဖန် ဖလွိုင်းနဲ့ ဂျူဒ်ီဒန့်ခ်ျတို့ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ အဲဒီတင်ဆက်မှုကို ချားလ်စ်နဲ့ ကမ်မီလာတို့ဟာ ဧည့်သည်တော်တွေနဲ့အတူ ကြည့်ရှုခဲ့ပါတယ်။ ဒီပွဲဟာ အနုပညာတင်ဆက်မှုတွေအပေါ် ဝေလမင်းသားရဲ့ အားပေးမှုကို အသိအမှတ်ပြု ကျင်းပတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up