Home
မြန်မာသတင်း
မင်းတုန်းတွင် ဦးခွံမပါသည့် ကလေးငယ်တဦး မွေးဖွား
DVB
·
October 26, 2018
မ​ကွေးတိုင်း​ဒေသကြီး၊ သရက်​ခရိုင်၊ ​မင်းတုန်းမြို့ ပြည်​သူ့​ဆေးရုံမှာ ​ဦးခွံမပါ​တဲ့ က​လေးငယ်​တ​ဦး​မွေးဖွားပြီး ဇီကာဗိုင်းရပ်လက္ခဏာ ​မဟုတ်​ဘဲ ​ဖောလစ်​အက်​စစ်​ဓာတ်​ချို့တဲ့မှုကြောင့် ဖြစ်တယ်လို့ ဆေးရုံတာဝန်​ရှိသူ​က ပြောပါတယ်။ မင်းတုန်းမြို့နယ်​ ​တောင်​မြင့်ကျေးရွာ​မှာ ​နေထိုင်​တဲ့ ကိုဝင်းနိုင်၊​ မနှင်း​ဝေဖြူတို့က သားဦး​ယောက်ျား​လေးအဖြစ် ​​အောက်​တိုဘာ ၂၁ ရက်​ည ၁၂ လောက်မှာ​ မွေးဖွားခဲ့ပြီး ၅​ ပေါင်​လောက်ရှိတယ်လို့ သိရပါတယ်။ မြို့နယ်​​ဆေးရုံအုပ်​ကြီး​ ဒေါက်​တာထွန်းလင်း​အောင်​က "Anencephaly ​ပေါ့။ သ​န္ဓေတည်​စဉ်​ ချွတ်​ယွင်းမှု​ကြောင့် ဦး​နှောက်​အစိတ်​အပိုင်းတချို့နဲ့ ဦးခွံမပါတဲ့ ​ရောဂါလက္ခဏာစု​ပေါ့။ လူ တစ်​​သောင်းမှာ တစ်​​ယောက်​ဖြစ်​ခဲပါတယ်​။ ​ဖောလစ်​အက်​စစ်​ချို့တဲ့တာ​ပေါ့။ ဇီကာဗိုင်းရပ်​လက္ခဏာနဲ့ မတူဘူး" လို့ ပြောပါတယ်။ ဒီလိုဦး​ခေါင်းခွံနဲ့ ဦး​နှောက်​အစိတ်​အပိုင်းတချို့မပါဘဲ​ မွေးတဲ့ က​လေးအများစုဟာ နာရီပိုင်းအတွင်း ​သေဆုံးတတ်​ပြီး အခုက​လေးမှာ​တော့ ၅ ရက်​ကြာသည်​အထိ အသက်​ရှူနှုန်း မှန်​ကန်​စွာနဲ့ အသက်​ရှင်​ရပ်​တည်​နိုင်​​နေတယ်လို့ ​ဆေးရုံတာဝန်​ရှိသူ​တွေက​ပြောပါတယ်​။ မွေးလူနာ​စောင့် ဆွေမျိုးတဦးက​ "က​လေးက နို့စို့ချင်​လို့ လျှာသိမ်းတယ်​၊ ဆီးဝမ်းသွားတယ်​၊ မိခင်​က​ နေ​ကောင်းတယ်။ ​သူ့​ယောက်ျားက ကိုယ်​ဝန်​ရစဉ်​ကတည်းက ထိုင်းမှာအလုပ်​ သွားလုပ်​​နေတာ ပြန်​မလာနိုင်​ဘူး၊ အင်္ဂါလည်းစုံတယ်​။ ဆရာဝန်​ကြီးက သင့်​တော်​တဲ့​နေရာ လွှတ်​မယ်၊​ လမ်းစရိတ်​လည်း ​ကူမယ်​​ပြောတယ်၊​ သွားဖို့ခက်​ပါတယ်​။ ကံရှိသ​ရွေ့ပေါ့" လို့ ပြောပါတယ်။ သတင်းနှင့်ဓာတ်ပုံ - နေမှူးလူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024