A d v e r t i s e m e n t With Us

အမေရိကန် ဒုတိယသမ္မတဟောင်းထံ လိပ်မူပေးပို့သည့် ပါဆယ်ဗုံး တွေ့ရှိ

ဓာတ်ပုံ - Reuters
အမေရိကန် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ နာမည်ကြီးသရုပ်ဆောင် ရောဘတ် ဒီနီရိုးတို့ဆီ လိပ်မူပို့ဆောင်တဲ့ ပါဆယ်ဗုံးတွေ အောက်တိုဘာ ၂၅ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီပါဆယ်ဗုံးတွေကို ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးသမားတွေဆီ လိပ်မူပို့ဆောင်ခဲ့ပြီး အခုအခါ အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒုသမ္မတဟောင်းဆီ လိပ်မူတဲ့ ၉ ခုမြောက် သံသယဖြစ်ဖွယ် ပါဆယ်ထုပ်ကို နယူးကာဆယ်စီရင်စုရှိ စာတိုက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဗုံးရှင်းလင်းရေး ကျွမ်းကျင်တဦးက သံသယဖြစ်ဖွယ်ပစ္စည်းကို ဖယ်ရှားခဲ့ပါတယ်။ နောက်ထပ် သံသယဖြစ်ဖွယ် ပါဆယ်ဗုံးကို သရုပ်ဆောင် ရောဘတ် ဒီနီရိုးဆီ လိပ်မူပို့ဆောင်ခဲ့တယ်လို့ စီအန်အန်သတင်းဌာနမှာ ဖော်ပြပါတယ်။ ပို့ဆောင်ခဲ့တဲ့ ပါဆယ်ဗုံးတွေဟာ ပေါက်ကွဲခဲ့ခြင်း မရှိတဲ့အတွက် တဦးတယောက်မှ ဒဏ်ရာမရခဲ့ပါဘူး။ ဒါပေမယ့် ထိပ်တန်း ဒီမိုကရက်တချို့ကတော့ ဒီခြိမ်းခြောက်မှုတွေကို သမ္မတ ထရမ့်ရဲ့ နိုင်ငံရေးလှည့်ကွက် လက္ခဏာတွေအဖြစ် ခေါ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့်ကလည်း ဒီလုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up