Home
မြန်မာသတင်း
နမ့်ဆန်မြို့နယ်တွင် မိုင်းအန္တရာယ် အထူးသတိထားသွားလာရန် တအာင်းတပ်ဖွဲ့ သတိပေး
DVB
·
October 26, 2018
ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ထဲမှာ ခုရက်ပိုင်းအတွင်း မိုင်းနင်းမိမှု ၄ ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေအနေနဲ့  သတိထားသွားလာကြဖို့ တီအန်အယ်လ်အေ တအာင်းတပ်မတော်က သတိပေးထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာ ၁၉ ရက်က နမ့်ဆန်မြို့နယ်၊ မန်ကန်ကျေးရွာမှာ တကြိမ်၊ ၂၄ ရက်က ဟိုက်တမ်ကျေးရွာမှာ တကြိမ်၊ ၂၁ရက်နေ့က နမ့်ခမ်းမြို့နယ် မန်ပန်ကျးရွာမှာ တကြိမ်၊ ၂၅ ရက်နေ့က ကျောက်မဲ- မိုင်းငေါ့မြို့နယ်ခွဲ မန်ကန်ကျေးရွာမှာ တကြိမ်၊ စုစုပေါင်း လေးကြိမ် ဒေသခံလူထုတွေ  မြန်မာတပ်တော်ထောင်ထားတဲ့ နင်းမိုင်းမိကာ ခြေ - လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့အပြင် အသက်အန္တရာယ် စိုးရိမ်စရာ ကြုံတွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။ ဒါ့ကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိုင်းအန္တရာယ်ကင်းဝေးစေဖို့ သတိထားပြီးသွား လာကြဖို့၊ အထူးအားဖြင့် မြန်မာတပ်မတော်စခန်းချရာနေရာ အနီးဝန်းကျင်နဲ့ သွားလာလှုပ်ရှားတဲ့ ဝန်းကျင်တွေမှာ နင်းမိုင်းတွေ ထောင်ထားလေ့ရှိတာကြောင့် အထူးသတိထား သွားလာဖို့ အသိပေးနှိုး ဆော်ထားပါတယ်။ ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ထဲမှာ အောက်တိုဘာ ၁၈ နဲ့ ၁၉ နှစ်ရက်ဆက်တိုက် မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024