အင်းစိန် A.G.T.I ဒီပလိုမာ ညနေပိုင်း သင်တန်းသားများခေါ်ယူ
DVB
·
October 26, 2018
အစိုးရစက်မှု လက်မှုသိပ္ပံ အင်းစိန် ကျောင်းမှာ A.G.T.I ဒီပလိုမာ ညနေပိုင်း သင်တန်းအတွက် ပထမနှစ်သင်တန်းသားတွေကို ခေါ်ယူနေပါတယ်။
သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာတွဲတွေ ပါဝင်တဲ့ ဘယ်ဘာသာရပ်နဲ့ အောင်မြင်သူမဆို လျှောက်ထားနိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာမှ ရရှိခဲ့တဲ့ အင်္ဂလိပ်စာ သင်္ချာအမှတ်ပေါ်မူတည်ပြီး ရွေးချယ်သွားမယ်လို့ ကြေညာားပါတယ်။
သင်တန်းကာလက သုံးနှစ်ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာနဲ့ စက်မှုအင်ဂျင်နီယာ ဘာသာရပ် သင်တန်းတွေကို ဖွင့်လှစ်သွားမှာပါ။
သင်တန်းပြီးဆုံးရင် A.G.T.I ဒီပလိုမာအောင်လက်မှတ် ပေးအပ်သွားမှာဖြစ်ပါတယ်။ လျောက်လွှာတွေကို အစိုးစက်မှုလက်မှု သိပ္ပံ အင်းစိန်ကျောင်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ထုတ်ယူနိုင်ပြီး နိုဝင်ဘာ ၁၄ ရက်နောက်ဆုံးထားပြီး လျောက်လွှာ တင်သွင်းရမှာ ဖြစ်ပါတယ်။
အသေးစိတ်သိချင်တာတွေကိုတော့ ၀၉၄၄၃၉၇၃၆၀၆ နဲ့ ၀၉၂၆၄၂၇၃၂၃၂ ကို ဆက်သွယ်မေးမြန်း နိုင်ပါတယ်။