“ကျနော့်ရဲ့ မသန်စွမ်းမှုက ကျနော့်အားသာချက်ပါ”- ကမ္ဘာ့မသန်စွမ်းဂျူဂျစ်ဆုချန်ပီယံ(ရုပ်သံ)

ဘရာဇီးနိုင်ငံသား စတုဝပ်ပင်းန်ဟာ မွေးကတည်းက ခြေလက်အင်္ဂါအပြည့်အစုံနဲ့ မွေးဖွား လာခဲ့သူမဟုတ်ပေမယ့် ဒါက ကမ္ဘာ့အဆင့် ကိုယ်ခံပညာရှင်တယောက်ဖြစ်လာစေဖို့ကိုတော့ မ ရပ်တန့်နိုင်ခဲ့ပါဘူး။ တိုက်ကွမ်ဒိုမှာ ခါးပတ်နက်အဆင့်ထိ ရရှိခဲ့ပြီးနောက်မှာတော့ သူဟာ အောင်မြင်မှုလမ်း ကြောင်းပေါ်ကို ရောက်ရှိလာခဲ့ပြီး မသန်စွမ်းဂျူဂျစ်ဆုကစားသမားတယောက်လည်း ဖြစ်လာခဲ့ပါ တယ်။ သူ့ရဲ့ ဆရာ ဘရာဇီးဂျူဂျစ်ဆုနည်းပြကတော့ ခြေလက်အင်္ဂါအစုံအလင်မဟုတ်ပဲ ခြေတု၊ လက်တုနဲ့ လေ့ကျင့်ကစားမှုက တခြားသူတွေနဲ့ ယှဉ်ပြိုင်နိုင်စေမယ့် အားသားချက်ပဲလို့ ပြော လိုက်ပါတယ်။ စတုဝပ်ပင်းန်ဟာ အဘူဒါဘီမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ တိုက်ကွမ်ဒို ရွှေတံဆိပ်၊ ငွေတံ ဆိပ်ဆုတွေ အများကြီး ရရှိထားပြီး ၂၀၁၇ ခုနှစ်က ကျင်းပတဲ့ ကမ္ဘာ့မသန်စွမ်းဂျူဂျစ်ဆုချန်ပီယံတဦး ဖြစ်လာခဲ့သူပါ။ “ကျနော့်မှာ မွေးကတည်းက ဘယ်ဘက်လက်တဖက်တည်းပါလာခဲ့ပြီး ညာဘက်လက် တဖက်မပါခဲ့ဘူး။ နောက်ပြီး ညာဘက်ခြေထောက်လည်း မပါလာခဲ့ပါဘူး” သူဟာ ဂျာစီပြည်နယ်ကို ပြောင်းရွေ့ခဲ့ပြီးနောက်မှာ ဂျူဂျစ်ဆုကိုယ်ခံပညာကို သင်ယူဖို့ စတင်ခဲ့ပြီးနောက်မှာမှ ခုလိုအောင်မြင်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူ့ရဲ့ ဘ၀ဖြတ်သန်းမှုပုံရိပ်တွေ၊ ကြိုးစားလေ့ကျင့်ခဲ့ရပုံတွေ ကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up