Home
မြန်မာသတင်း
ရွှေကျင်သီတင်းကျွတ်ပွဲတော်တွင် ဘုရားဖူးပြည်သူသောင်းနှင့်ချီ လာရောက်မီးမျှောပူဇော်
DVB
·
October 25, 2018
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်မှာ (၁၆၇) နှစ်မြောက် ရှင်ဥပဂုတ္တမထေမြတ်ကြီး မီးမျှောပူဇော်ပွဲကို သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှာ ကျင်းပနေပြီး အနယ်နယ်အရပ်ရပ်က လာရောက်မီးမျှောပူဇော်သူ သောင်းနဲ့ချီ လာရောက်ဖူးမျှော်ကြပါတယ်။ အဆိုပါသီတင်းကျွတ်ပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ ရက်မှ လပြည့်ကျော် ၁ ရက် အထိ ကုန်းပွဲ၊ရေပွဲ နှစ်မျိုးခွဲကာ ၁၅ ရက်ကြာ ကျင်းပနေတာပါ။ ပွဲတော်မှာ ရှင်ဥပဂုတ္တမထေမြတ်ကြီးကို မြို့တွင်းသို့ လှည့်လည် ပူဇော်ပြီး ရွှေကျင်ချောင်းထဲ ကရဝိတ်ရေဖောင်တော်နဲ့ရေချကာ လပြည့်ကျော် ၁ ရက်နေ့မှာ မထေမြတ်ကြီးကို မီးကြာခွက်တွေနဲ့  ပူဇော်ကန်တော့ကြတဲ့ ရိုးရာပွဲတော်လည်း ဖြစ်ပါတယ်။ မီးမျှောပူဇော်ပွဲတော်ကို ရွှေကျင်မြို့နယ်ရှိ ရပ်ကွက်ကျေးရွာတွေမှာ တက်ခုတ်ယိမ်း တက်ပျံယိမ်တွေ၊ ဒေသခံတိုင်းရင်သားတွေရဲ့ ယိမ်းအကတွေ အပါအဝင် ယိမ်းအဖွဲ့ ၁၈ ဖွဲ့က တေးသီချင်းတွေနဲ့ ကပြဖျော်ဖြေပါတယ်။ ပွဲတော်ကျင်းပရေးကော်မတီဝင်  ဦးအောင်စိုးက “မီးမျှောပွဲတော်ကို အနယ်အရပ်ရပ်က လာရောက်ကြည့်ရှုသူ သိန်းချီရှိတဲ့အတွက် လုံခြုံရေး ကို အဓိကထားပြီးစွာ ဆောင်ရွက်ထားတယ်။ ညဘက်မှာတော့ ချောင်းထဲမှာ မီးကြာခွက်တွေနဲ့ ဆီမီးပူဇော်သွားမယ်။ ပြိုင်ပွဲဝင် တက်ခုက်ယိမ်းတက်ခုက်ပျံ ၁၃ ဖွဲ့ကို ဆုချီးမြင့်သွားမှာပါ”လို့ ပြောပါတယ်။ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ရုပ်ပွားတော်ကို ညပိုင်းမှာ ရွှေကျင်ချောင်းအတွင်း လှည့်လည် အပူဇော်ခံပြီး ဒေသခံပြည်သူများနဲ့ အနယ်နယ်အရပ်ရပ်မှ ပွဲတော်လာသူများက ရွှေကျင်ချောင်းထဲ မီးကြာခွက် တသိန်းကျော် မီးမျှောပူဇော်ခြင်း မီးရှူးမီးပန်းတွေ ပစ်ဖောက်ပူဇော်တာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘောလုံးပွဲ၊  ဘောလီဘောပွဲပြိုင်ပွဲ၊ ဇာတ်သဘင်ပွဲနဲ့ တခြားပျော်ပွဲရွှင်ပွဲတွေနဲ့ ကျင်းပနေပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024