WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660458663.7297770977020263671875', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ထိတ်လန့်ကြောက်မက်ဖွယ်အသံများဖြင့် တောခြောက်သည့် ရုပ်သံ ထွက်ပေါ်(ရုပ်သံ) – DVB

ထိတ်လန့်ကြောက်မက်ဖွယ်အသံများဖြင့် တောခြောက်သည့် ရုပ်သံ ထွက်ပေါ်(ရုပ်သံ)

တော်လဲသံလိုလို၊ ပြင်းထန်တဲ့ အသက်ရှုသံလိုလို ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ အသံတွေနဲ့ တောခြောက်တဲ့ ရုပ်သံဗွီဒီယိုဖိုင်တခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကနေဒါနိုင်ငံ သစ်တောတခုထဲမှာ ဖြစ်ခဲ့တာလို့ မေရာသတင်းမှာ အောက်တိုဘာ ၂၄ ရက်က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သစ်တောတွင်း မြေပြင်ဟာ သိပ္ပံဆန်းကျယ်ရုပ်ရှင်ကားတွေ ထဲကလို အုံကြွလာကာ နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး တရှဲရှဲ အသံတွေနဲ့အတူ သစ်ပင်တွေ အ ချင်းချင်း ပွတ်တိုက်ယိမ်းခါနေခဲ့တာကို ကြောက်မက်ဖွယ် တွေ့မြင်ကြရမှာပါ။ ဒီရုပ်သံဗွီဒီယိုကလစ်ကိုတော့ ဟေလာမောစတိန်းအမည်နဲ့ တွစ်တာအသုံးပြုသူတဦးက ပြန်လည်မျှဝေခဲ့တာဖြစ်ပြီး “ကနေဒါ သစ်တောတခုထဲမှာ ဖမ်းယူထားခဲ့တဲ့ ဒီရုပ်သံဟာ အသက် ရှုမှားမတတ်ပဲ။ ကျနော်တွေ့ဖူးသမျှ ကြောက်စရာအကောင်းဆုံးပဲ”လို့ ရေးထားခဲ့တာပါ။ ရုပ်သံကြည့်ရှုသူတွေကလည်း ဒီအဖြစ်အပျက်အပေါ် မှတ်ချက်တွေ အမျိုးမျိုးပေးခဲ့ကြပြီး ဒေးလီးစတားသတင်းကတော့ ဒါဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ရတာလို့ ပြောပါတယ်။ မုန်တိုင်းကာလမှာ မြေပြင်အောက်ခြေမှာ ရေတွေနဲ့ ပြည့်ဝနေပြီး မာနေခဲ့ကာ မုန်တိုင်း ထွက်သွားချိန် လေတိုက်လို့ သစ်ပင်တွေ ယိမ်းခါတဲ့အချိန်မှာတော့ ကားလီဗာနင်းသလို မြေပြင် ဟာ အုံကြွလာပြီး နိမ့်လိုက်မြင့်လိုက်ဖြစ်ရတာလို့ ဖော်ပြထားပါတယ်။

//
More News
Up