အခြေခံဥပဒေ ပြန်လည်စိစစ်ပြင်ဆင်မည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

ဂျပန်နိုင်ငံအတွင်း လွှတ်တော် ၂ ရပ်စလုံးမှာ အစည်းအဝေးတွေ ပြန်စပြီဖြစ်လို့ စစ်ပြီးခေတ် အခြေခံဥပဒေကို ပြန်စိစစ်ပြင်ဆင်ဖို့ ရည်မှန်းထားတယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေက အောက်တိုဘာ ၂၄ ရက်မှာ ပြောပါတယ်။ ဂျပန်နိုင်ငံမှာ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်ပါတီရဲ့ အကြီးအကဲနေရာကို တတိယအကြိမ် ရွေးကောက် တင်မြှောက်ခံရတဲ့ အာဘေက အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆက်ပြီး ခြေလှမ်းမယ်ဆိုတဲ့ ကတိအတိုင်း လွှတ်တော်ရဲ့ ဆောင်းဦးရာသီ အစည်းအဝေးစချိန် ပထမဆုံး မိန့်ခွန်းအတွင်း ခုလို ပြောလိုက်တာပါ။ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ်မှာ ရေးဆွဲထားတဲ့ စစ်ဆန့်ကျင်ရေးဝါဒီ အခြေခံဥပဒေထဲမှာ လက်နက်ကိုင်တပ်တွေကို စစ်စရိတ်ထောက်ပံ့မှုကို တားမြစ်ပိတ်ပင်ထားပါတယ်။  ဒါပေမယ့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် စစ်တပ်ကိုတော့ ခွင့်ပြုဖို့ ပြဋ္ဌာန်း ထားတာပါ။ အာဘေက စစ်တပ်ရဲ့ အဆင့်အတန်းကို ရှင်းလင်းဖို့ ကာကွယ်ရေးတပ်အတွက် ရည်ညွှန်းချက်တရပ်ကို ဖြည့်ချင်နေပါတယ်။ တရုတ်မြို့တော် ပေကျင်းကို အောက်တိုဘာ ၂၅ ရက်မှာ သွားရောက်မယ့် အာဘေက “ဂျပန်ရဲ့ စစ်ပြီးခေတ် သံခင်းတမန်ခင်းကို သက်သေအပြည့်အစုံနဲ့ သုံးသပ်ချင်တယ်။ အာရှ အရှေ့မြောက်ပိုင်းဒေသမှာ သံခင်းတမန်ခင်းအသစ်ကို တည်ဆောက်ချင်တယ်” လို့ ပြောပါတယ်။ ဂျပန်လွှတ်တော် အစည်းအဝေးတွေကို ဒီဇင်ဘာ ၁ဝ ရက်နေ့အထိ ၄၈ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up