ဦးဇော်ဇော်ကို မလေးရှားနိုင်ငံက ဒါတိုဆရီ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်

2.7K
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကို မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ် အိမ်ရှေ့စံ ဆူလတန် အာမက်ဒ် ဆာဟာက က မလေးရှားနိုင်ငံရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ တခုဖြစ်တဲ့ Dato' Sri ဒါတိုဆရီဘွဲ့ကို ချီးမြှင့်ပေးအပ်လိုက်ပါတယ်။
ဒီဆုဟာ လူမှုရေးနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့အတွက် ချီးမြှင့်တာဖြစ်ပြီး ဖီဖာ ဒုဥက္ကဋ္ဌတွေ အပါအဝင် ထင်ရှားကျော်ကြားသူအချို့လည်း ရရှိခဲ့ဖူးပါတယ်။