A d v e r t i s e m e n t With Us

နည်းပြလိုပက်တီဂူကို ထုတ်ပယ်ပါက ရီးရဲလ်အသင်းက လျော်ကြေး ပေါင်၁၆ သန်းခန့်ပေးရမည်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြလိုပက်တီဂူကို ထုတ်ပယ်မယ်ဆိုရင် လျော်ကြေးပေါင်၁၆ သန်း လောက်ပေးရဖို့ရှိနေပါတယ်။ ရီးရဲလ်အသင်းဟာ စပိန်နည်းပြ လိုပက်တီဂူလက်ထက်မှာ ရလဒ်တွေ ဆိုးရွားနေပြီး နည်းပြအပြောင်းအလဲလုပ်ဖို့ သတင်းတွေထွက်ပေါ်နေတာပါ။ ရီးရဲလ်အသင်းအနေနဲ့ ၅ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တာပါ။ လိုပက်တီဂူကို တစ်နှစ်လုပ်ခပေါင်၅.၃သန်းနဲ့ ၂၀၂၁ခုနှစ်အထိ စာချုပ်ချုပ်ဆိုထား တာဖြစ်ပြီး လက်ရှိအချိန်မှာထုတ်ပယ်လိုက်မယ်ဆိုရင် ပေါင်၁၅.၈သန်းလျော်ကြေးပေးချေရဖို့ရှိ နေတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်တစ်ပတ်မှာ ဘာစီလိုနာနဲ့ တွေ့ဖို့ရှိနေပြီး ရလဒ် ကောင်းမရခဲ့ဘူးဆိုရင် မိုက်ကယ်လော့ဒရပ်၊ လော့ရင့်ဘလန့်၊ ကွန်တီစတဲ့နည်းပြတွေနဲ့ အစားထိုး ခန့်အပ်ဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဓာတ်ပုံ-Daily Mail

A d v e r t i s e m e n t With Us

More News
Up