Home
မြန်မာသတင်း
အုပ်စုဖွဲ့ကစားရသည့် မိုဘိုင်းဖုန်းဂိမ်းများ  မြန်မာလူငယ်များအကြား ခေတ်စားလာ
ရန်နိုင်ဇော်ဝင်း
·
October 25, 2018
အွန်းလိုင်းမှာ အုပ်စုဖွဲ့ပြီး ကစားလို့ရတဲ့ မိုဘိုင်းဖုန်းဂိမ်းတွေ မြန်မာလူငယ်တွေကြားမှာ ခေတ်စားလာနေပါတယ်။ ကိုယ့်ရဲ့ မိုဘိုင်းဖုန်းကနေ အလွယ်တကူ ကစားလို့ရတာကြောင့် ဂိမ်းဆိုင်တွေမှာ ထိုင်ကစားရတာထက်စာရင်  မိုဘိုင်းဂိမ်းတွေက လူငယ်တွေကြားမှာ ပိုလူကြိုက်များပြီး ခေတ်စားလာတာပါ။ ဂိမ်းဆိုင်တွေမှာဆော့ကစားရင် သုံးဦးထက်ပိုပြီး ကစားလို့မရသလို အချိန်အကန့် အသတ်ချက်ရှိလို့ အွန်လိုင်းဖုန်းဂိမ်းကို ပိုစိတ်ဝင်စားတယ်လို့ အွန်လိုင်းဂိမ်း ၀ါသနာရှင် လူငယ်တစ်ဦးကပြောပါတယ်။ လက်ရှိပြည်တွင်းမှာ Mobile legends ၊ PUBG mobile တို့လို အုပ်စုဖွဲ့ပြီး ကစားလို့ရတဲ့ ဂိမ်းအမျိုးအစားတွေကိုလည်း လူငယ်တချို့ကကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုအုပ်စုဖွဲ့ပြီးကစားရတာကြောင့် တခြားပြည်ပနိုင်ငံတွေက ကစားသမားတွေအပြင် ပြည်တွင်းကဂိမ်းဝါသနာရှင်တွေနဲ့ပါ ချိတ်ဆက်ကစားလို့ရတဲ့အတွက် လူမှုဆက်ဆံရေးနဲ့ ဘာသာစကား ပိုမိုအဆင်ပြေတယ်လို့လည်း အွန်လိုင်းဖုန်းဂိမ်းကစားတဲ့ လူငယ်တွေကပြောပါတယ်။ ဒီလိုဂိမ်းတွေမှာလည်း ဂိမ်းlevelမြင့်ဖို့အတွက် ပိုက်ဆံဝယ်ရတာကြောင့် Level မြင့်တဲ့သူတွေဆီကနေ အရောင်းဝယ်လုပ်ပြီး ဝင်ငွေရတယ်လို့လည်းဆိုပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံကို ၂၀၁၃ခုနှစ်မှာ cocလို့ခေါ်တဲ့ အုပ်စုဖွဲ့ပြီး ကစားလို့ရတဲ့ ဂိမ်းတစ်ခုပေါ်လာပြီးနောက်ပိုင်း လူငယ်တွေကြားမှာ ဖုန်းဂိမ်းတွေ ခေတ်စားလာတာပါ။ နောက်ပိုင်းမှာတော့ ပိုကီမွန်ဂိမ်းအပြင် အခုလက်ရှိ PUBS Mobile နဲ့ Mobile Legends ဂိမ်းတွေက လူငယ် ယောက်ကျားလေးရော မိန်းကလေးတွေကြားမှာပါ ခေတ်စားလာနေပါတယ်။ ဒါပေမဲ့လည်း ဒီဂိမ်းတွေကို လုပ်ငန်းခွင်အတွင်းမှာ ဆော့ကစားတာတွေရှိနေတာတွေ နဲ့ မျက်စိအာရုံ စူးစိုက်ရတာတွေက ဘေးထွက်ဆိုးကျိုးဖြစ်နေတယ်လို့ ဝေဖန်မှုတွေလည်းရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024