A d v e r t i s e m e n t With Us

ခရာကီကို သုံးချီအတွင်းအနိုင် ထိုးသတ်မည်ဟု အောင်လအန်ဆန်းပြော

MMA ချန်ပီယံရွှေခါးပတ်ကာကွယ်ပွဲမှာ တွေ့ဆုံမယ့် ခရာကီဟာ နပန်းနဲ့ အချုပ်ကောင်း မွန်ပေမယ့် သုံးချီအတွင်းအနိုင်ထိုး သတ်မှာဖြစ်တယ်လို့ အောင်လအန်ဆန်းက ပြောကြားလိုက်ပါတယ်။ MMA မစ်ဒယ်ဝိတ်တန်းရွှေခါးပတ် ချန်ပီယံအောင်လန်အန်ဆန်းဟာ လက်ဘနွန်က မိုဟာမက်ခရာကီနဲ့ အောက်တိုဘာ၂၆ရက်မှာ ချန်ပီယံကာကွယ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ရမှာပါ။ အသက်၂၇နှစ်ရှိ လက်ဘနွန်နိုင်ငံသား ခရာကီဟာ MMA ပွဲ၉ပွဲမှာ ၉ပွဲစလုံး အနိုင်ရထားပါတယ်။ ကစားသမားတွေအားလုံးမှာ အားသာချက်အားနည်ချက်ကိုယ်စီရှိကြပြီး မြန်မာပရိသတ်တွေ အနေနဲ့ လည်း မိမိကိုအားပေးဖို့မျှော်လင့်တယ်လို့ ခရာကီပြောပါတယ်။ အခုပွဲမှာ စုစုပေါင်း ၁၁ပွဲ ပါဝင်ထိုးသတ်ကြမှာဖြစ်ပြီး ဖယ်တာဝိတ်တန်းမှာ မြန်မာကဖိုး သော်နဲ့မလေးရှားက ဆပ်ဘာတို့ပါဝင်မှာဖြစ်သလို ရဲသွေးနီနဲ့ မိုက်ရိုက်တို့ရဲ့ ပွဲစဉ်လည်း ပါဝင်ပါတယ်။ တခြားပွဲစဉ်တွေမှာတော့ ဘရာဇီး၊ ရုရှား၊ စင်ကာပူ၊ ဂျပန်၊ မော်ရိုကို၊ တရုတ်၊ ဖိလစ်ပိုင်၊ အာဖဂန်နစ္စတန်၊ အီရန်၊ သြစတြေးလျနဲ့ အင်ဒိုနီးရှားစတဲ့နိုင်ငံတွေက ကစားသမားတွေလည်း ပါဝင်ထိုး သတ်ကြမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up